3

51 8 2
                                    

uni

"လီဗိုင် နင်နော် ထူးထူးဆန်းဆန်း ကျောင်းမသွားဘူးပေါ့လေ"

"ဘာထူးဆန်းလို့လဲ ငါလည်းလူပဲလေ ပျက်ချင်ရင်ပျက်မှာပေါ့ ငါ့ကိုအရမ်းအထင်ကြီးမနေနဲ့"

တကယ်တော့ ဟန်ဂျီသိတာပေါ့ မနေ့ညက သူလိုက်ချောင်းခဲ့တာလေ အာဝင်းဘာပြောလိုက်မှန်းမသိပေမယ့် အဲ့စကားကြောင့်
လီဗိုင် ​​ကျောင်းမသွားတာသိသာတယ် ပြောရင်လည်းဟန်ဂျီလွန်တယ်ဖြစ်အုံးမယ် မသိရင်ရည်းစားစကားပြောခံလိုက်တဲ့ကောင်မလေးကျနေတာပဲ

"အာဝင်းနဲ့ဆိုင်လား"

"ချီးပဲ!နင်အပူမပါဘူး သွားတော့"

ဒါလေးပြောလိုက်တာကို ဖုံးမရဖိမရ လန့်သွားတဲ့လီဗိုင်ကြောင့် ဟန်ဂျီ ခေါင်တစ်ငြိမ့်ငြိမ့်နဲ့ထွက်လာလိုက်သည်။ကျောင်းမြန်မြန်သွားပြီး အာဝင်းကို အစ် မေးရင်သိနိုင်တာပဲလေ။

ဒါပေမယ့်သူ့အကြံတွေကသဲထဲရေသွန်သလို
အာဝင်းကကျောင်းမလာဘူးတဲ့။ကျောင်းသားခေါင်းဆောင်ကြီးကလေ။

"ဘာလဲ တစ်ယောက်နဲ့တစ်ယောက်ရှောင်နေတာလား.. "

____________________

"အာဝင်း ဘယ်သွားမလို့လဲသား"

"ဒီနားမေမေ ကျွန်တော် စက်ဘီးသွားစီးမလို့"

သူမေမေ့ကိုပြောပြီးစက်ဘီးကိုအရှိုန်မြှင့်ပြီးနင်းလာလိုက်သည်။

//အာဝင်း..အာဝင်း..မင်းဘာတွေသွားအရှူးထလိုက်တာလဲကွာ အခုတော့ လီဗိုင် စကားတောင်ပြောချင်ပါတော့မလားမသိဘူး//

ညတုန်းကသွေးပူပူနဲ့ပြောလိုက်စကားဟာ သွေးအေးသွားတော့ နောင်တတရားတွေသယ်ချလာတော့သည်။ ညကသူလီဗိုင်ကိုပြောလိုက်တော့ လီဗိုင်က သူ့ကိုဆွဲထိုးမယ်ထင်တာ ခက်တာကအဲ့လိုလုပ်လိုက်တာကမှခံသာအုံးမယ် အခုဟာက သူ့ကိုဘာမှမပြောပဲထွက်ပြေးသွားတယ်။

အရမ်းများစိတ်ဆိုးသွားတာလားမသိဘူး။
သူညကအမျိုးမျိုးစဥ်းစားပြီးသွားပြီ လီဗိုင်မကြိုက်ရင်ဒီစကားကိုသူကိုယ်တိုင်ပြန်ရှုတ်သိမ်းပေးမယ်။

You've reached the end of published parts.

⏰ Last updated: Jul 17, 2021 ⏰

Add this story to your Library to get notified about new parts!

𝚌𝚘𝚏𝚏𝚎𝚎 🅔︎🅡︎🅤︎🅡︎🅘︎Where stories live. Discover now