2

63 13 4
                                    

Unicode

"ဒါပိုးဟပ်တစ်ကောင်ရဲ့မွေးနေ့ပေါ့လေ
ဟန်ဂျီ! နင်ရူးသွားတာလား"

လီဗိုင် ဟန်ဂျီ နားကပ်ကာ သူများတွေမကြားအောင်ခပ်တိုးတိုးပြောလိုက်သည်။

ဟုတ်တယ်လေ။ပိုးဟပ်တစ်ကောင်ရဲ့မွေးနေ့ကိုဖိတ်ထားတဲ့လူကတစ်ကျောင်းလုံးလားတောင်မှတ်ရတယ် ကလေးသေးသေးတွေတောင်ပါသေးတယ်။ဒါကိုလည်း ဟန်ဂျီက အတော်သဘောကျနေပုံပေါ်တယ် ရယ်နေတာမှမျက်လုံးတွေကိုမဖွင့်တော့ဘူး။

"ပိုးဟပ်?လီဗိုင်ရယ် အရမ်းမရက်စက်ပါနဲ့ ငါ့သားလေးက ပိုးဟပ်ဆိုတာမှန်ပေမယ့် ပိုးဟပ်တစ်ကောင်ထက်တော့ပိုပါတယ်။အဲ့လိုအားကြီးနဲ့မပြောပါနဲ့ ပြီးတော့ လူတွေများသွားတာကလည်း ဒီနေ့မေမေကဖေဖေ့အတွက်အလှူလေးပါရောလုပ်ပေးချင်တယ်ဆိုလို့ လူကများနေတာပါ"

ဟန်ဂျီ မျက်နှာငယ်နှင့်ပြောနေသော်လည်း သူမသနားပါ။မသိတဲ့သူတွေဆို လီဗိုင်က အသည်းမာတယ်ပြောအုံးမယ်။တကယ်တော့ ဟန်ဂျီဆိုတဲ့ သူ့သူငယ်ချင်းဟာ သနားဖို့လုံးဝမထိုက်တန်ပါ။လူများမယ်ဆိုသူမလာမှာသိလို့မနေ့ကလာဖိတ်တာကို အလှူကိစ္စထည့်မပြောသွားတာသိသာတယ်။

//လေးလုံးမ နဲ့ငါတော့ ဟုတ်နေပါပြီ//

"အာ...အာဝင်း..ငါကနင့်ကိုစောင့်နေတာ"

ဟန်ဂျီပွဲကိုဟိုကြည့်ဒီကြည့်နဲ့ဝင်လာတဲ့
အာဝင်းကိုလက်ပြေးဆွဲပြီးသူတို့ကိုခေါ်လာတော့ လီဗိုင်မျက်နာကြီးမဲနေတော့သည်။

အဲ့ဒါကိုပဲ သူ့စိတ်ထဲတစ်မျိုးဖြစ်နေတာ
လီဗိုင်ကိုကြည့်ရတာ အာဝင်းကိုအမြင်ကြည်ပုံမရဘူး။အာဝင်းကြည့်တော့လည်း ပြုံးပျော်နေတာပဲ သူတို့နှစ်ယောက်ကြားတစ်ခုခုရှိတာတော့သေချာသလောက်ရှိသည်။

//ကြည့်နေ ငါအဲ့ကိစ္စကိုရအောင်ဖော်ပြမယ် လီဗိုင်//

"ကျွန်တော် နောက်ကျသွားတယ် စိတ်မရှိပါနဲ့နော် ဟန်ဂျီ"

"မဟုတ်တာပဲ အာဝင်းထိုင်နေနော် လီဗိုင် သွားမယ် "

"ဘယ်ကိုလဲ"

လက်ပိုက်ပြီး ဆူပုတ်ပုတ်ရပ်နေတဲ့လီဗိုင်က မျက်မှောင်ကြီးကုတ်ပြီးပြောတော့ဟန်ဂျီကပဲ

𝚌𝚘𝚏𝚏𝚎𝚎 🅔︎🅡︎🅤︎🅡︎🅘︎Where stories live. Discover now