UNICODE
"Senpai ကကော?
ပြောစရာရှိရင်...
အခန်းထဲမှာစောင့်ဆိုတာနဲ့ပဲ
တစ်ကယ်ကြီးလာခဲ့တာလား..."တစ်ခန်းလုံး ဆွံ့အသွားကြသည်
Tatsuki Iincho ဆိုတဲ့
King ကြီးက ငါတို့အခန်းထဲက
အရူးမ Hanabatake Yoshiko
ကိုစောင့်နေတယ်?
သူတွဲခဲ့တဲ့မိန်းကလေးတွေကိုတောင် သူ့ဘက်စစောင့်ရမယ့်
အခြေအနေရောက်လာရင်
တန်းလမ်းခွဲခဲ့တာ
အဲ့ဒါကြောင့် King ကြီး
Tatsuki Iincho ကို
တွဲခဲ့တဲ့ ကြိုက်ခဲ့တဲ့မိန်းကလေးတွေ အကုန်လုံးကသိကြတဲ့
စမ်းသပ်ချက်တစ်ခုရှိတယ်
အဲ့ဒီစမ်းသပ်ချက်က King ကြီး Tatsuki Iincho ကသူမတို့ကို
ချစ်နေတာလား မချစ်ဘူးလား
ဆိုတာကို သူ့ကိုသူမတို့အားစောင့်ခိုင်းခြင်းဖြင့်သိနိုင်သည်ဟုပြောကြသည် ထို့ကြောင့် ယခု ထိုစကားကိုကြားရခြင်းသည် တစ်ခန်းလုံး
'ငါတို့အိမ်မက်များမက်နေတာလား'ဟုထင်စေနိုင်သည်
'ဘာပဲဖြစ်ဖြစ် ရှားရှားပါးပါး
အိမ်မက်လေး လက်လွှတ်ခံလို့မဖြစ်ဘူး '
ထို့နောက် တစ်ခန်းလုံး Tatsuki Iincho ကိုသာကြည့်မိတော့သည် သူဘယ်လိူပြန်ဖြေလောက်လဲ...ငြင်းလိုက်မှာလား
ငြင်းလိုက်ရင်တော်တော်
ကို့ရို့ကားယား နိုင်လိမ့်မည်
ထိုသိုတွေးနေတုန်း
သူတို့စောင့်မျှော်နေကြသော
ထိုပုဂ္ဂိုလ်၏ နှုတ်ခမ်းများလှုပ်ရှားလာကာ သူ့အသံကိုတစ်ခန်းလုံးရှင်းရှင်းလင်းလင်း ကြားလိုက်ရသည် ကြားလိုက်ရသည်
ရသည်ကိုလည်း မယုံနိုင်ကြသေးပေ သူပြောလိုက်သည်ကတော့"ဪ...ဟုတ်လား
ဒါပေမယ့် ကိုယ်ကမင်းရဲ့စကားတွေကို အရေးတယူ တန်ဖိုးထားတယ်လေ မင်းကကိုယ့်ကို စောင့်ဆိုရင်စောင့်မယ် ရပ်ဆိုရင်ရပ်မယ်
ပြောဆိုပြောမယ် သွားဆိုသွားမယ်
အဲ့လိုမျိုး မင်းရဲ့စကားက
ကိုယ့်အတွက်တော့ အမိန့်ပဲ...
ဒါကြောင့် မင်းကိုယ့်ကိုစောင့်ဆိုလို့
စောင့်နေတာ...""…"
(OMG!!ဒီတစ်ယောက်က တော်ကီတွေ တယ်လန်းပါလား
playboy ပီသပါတယ်
ငါကလည်း အလိုက်သင့်လေး
လုပ်ပေးရမှာပေါ့...)
"ပြောစရာရှိတယ်ဆို ပြောလေ""အဟမ်းး..ပြောစရာရှိတယ်ဆိုတာကလေ..."
Tatsuki သူမ၏နားကိုကပ်၍
လေသံလေးဖြင့်ပြောလိုက်သည်
"ရည်းစားစကားပြောမလို့..."

ČTEŠ
My Perfect System (Unicode and Zawgyi)
RomanceUnicode ဒီ Fic ကလေးက K ပထမဆုံးရေးတဲ့ Fic ကလေးပါ။ System Type ဖြစ်ပါတယ်။ Arc1 မှာတော့ Aho Girl ဆိုတဲ့ Anime ထဲကို ဝင်စားမှာပါ။ ပြောရရင် Fanfic လိုပါပဲ။ နောက်ထပ် Arc တွေကတော့ K ရဲ့ Acc ထဲမှာ Story နောက်တစ်ခုအဖြစ်ထပ်ရေးမှာပါ။ Arc တွေကိုခွဲရေးမှာပေါ့။ ဖ...