The Fragrance of Love
🍓 Part 9 🍓
ရတု သားလေးရဲ့ ဆေးရုံခန်းလေးထဲ၀င်လာတော့ အခန်းထဲမှာ ဖေဖေရောမေမေရော သူမရောနှင့် လူစုံတက်စုံပင်။
သားက သူ့ကိုမြင်တာနဲ့ မျက်နှာလေးက ပြုံးရွှင်သွားပြီး ဦးဦးဆိုပြီး လှမ်းခေါ်သည်။
ရတု သားလေးကို ပြန်ပြုံးပြလိုက်ပြီး ၀ယ်လာသည့် ပူတင်းကိတ်ဘူးလေးတွေကို စားပွဲပေါ် တင်လိုက်သည်။
"ဦးဦးက အလုပ်မအားလို့ သားသားလေးဆီ အခုမှလာတာလားဟင်.... "
ရတု သားဘေးနားလေး၀င်ထိုင်လိုက်ပြီး
ချစ်စရာကောင်းလွန်းတဲ့ သားကို ပြုံးကြည့်ကာ....."အွန်း ဦးဦးက အရေးကြီးအလုပ်ကိစ္စလေး ပေါ်လာလို့ အဲ့တာလေးလုပ်နေရတာနဲ့ အခုမှ သားသားလေးဆီ လာရတာ .... ဟိုနေ့က သားသားလေး စားချင်တယ်ပြောတဲ့ ပူတင်းကိတ်လေးတွေ ၀ယ်လာခဲ့တယ်နော်...... "
"ဟီး ဦးဦးကို သားသားလေးက အဲ့တာကြောင့် အရမ်းချစ်တာ..... "
"အဟွန်းဟွန်း..... ချစ်ဖို့ကောင်းလိုက်တာကွာ.... "
သားဖြစ်သူနဲ့ ခေါင်းချင်းဆိုင် စကားပြောနေတဲ့ မြေးဆက်လေးကိုကြည့်ပြီး
ဒေါ်ချိုချိုထွန်းရင်ထဲ ကြည်နူးလာရသည်။ဆက်လေးသာ သူမရဲ့ မြေးလေး ....သားရဲ့ ရင်သွေးလေး ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ ။
ဒါမှမဟုတ် အဲ့လိုဖြစ်အောင်ပဲ လုပ်ယူလိုက်ရမလား .... ပိုးသားဆိုတာလဲ ကလေးတစ်ယောက်အမေဆိုပေမယ့် ဘာဆိုဘာမှ အပြစ်ပြောစရာမရှိတဲ့ မိန်းကလေးမျိုးပဲဟာကို။
သားအနားမှာက အယ်လာလို ငွေမက်တဲ့ မိန်းကလေးမျိုးတွေချည်း ၀ိုင်းနေတာ...
အယ်လာလို လူမျိုးနဲ့ အကြောင်းပါတာထက် စာရင် ပိုးသားလိုမျိုး မိန်းကလေးက သားအတွက်ရော သူမတို့မိသားစုအတွက်
ပါ ပိုပြီး သင့်တော်မယ်ထင်သည်။ဒေါ်ချိုချိုထွန်းကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်သွားပြီး ပြုံးလိုက်မိသည်။
ထို့ကြောင့် ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်လိုက်မိသည့်အချိန်တွင်တော့ သားအဖေက သူမကို စူးစူးစိုက်စိုက်ကြည့်နေပြီး သူမဘာတွေးနေလဲဆိုတာ သိတယ်ဆိုသော အကြည့်ဖြင့် ကြည့်နေတာကြောင့်ဒေါ်ချိုချိုထွန်း ဂရုမစိုက်သလိုမျိုးဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
မသိချင်ယောင်ဆောင်နေလိုက်သည်။
VOUS LISEZ
🍓 ချစ်ခြင်းရဲ့ ရနံ့လေး 🍓