The Fragrance of Love
🍓 ဇာတ်သိမ်းပိုင်း 🍓
8 လခန့် ကြာသော် ~
ပိုးသား မောင့်ကို Necktie လေး ချည်ပေးပြီး မော့ကြည့်လိုက်တော့ မောင်က သူမနှုတ်ခမ်းလေးကို ဖျတ်ခနဲ လှမ်းနမ်းသည်။
ပိုးသား မောင့်ကို ခပ်ဖျော့ဖျော့လေးပဲ
ပြန်ပြုံးပြလိုက်သည်။"မ .... နေလို့မကောင်းဘူးလား.....ဘာလို့ မျက်နှာက အဲ့လောက်ထိ အားမရှိတဲ့ပုံ ဖြစ်နေရတာလဲ .... "
"မနက် အိပ်ရာထထဲက ခါး နည်းနည်းကိုက်နေလို့ မောင် .... "
မောင်က သူမ ဗိုက်လေးကို အုပ်ကိုင်ပြီး
စိုးရိမ်စွာကြည့်တော့ ပိုးသားမောင့်လက်လေးကို ဆုပ်ကိုင်ပြီး စိတ်မပူစေရန်
ခေါင်းလေးရမ်းပြလိုက်သည်။"မွေးခါနီးလာလို့ အနာစိပ်လာတဲ့သဘောပါပဲ မောင်ရဲ့ .....Due date လဲ ကပ်နေပြီဆိုတော့ .... "
"တကယ်လို့ ခါးကိုက်တာ စိပ်လာရင် မောင်တို့ ဆေးရုံကြိုတက်ထားကြမလား မ "
"ဒီနေ့တစ်ရက်တော့ စောင့်ကြည့်လိုက်ဦးမယ်လေ မောင်ရယ် ..... မဟုတ်လဲ ဆေးရုံက သန်ဘက်ခါ တက်ရမှာပဲကို... "
"အဲ့တာဆို မ ခါးကိုက်တာ အရမ်းနာလာရင် မောင့်ကို ချက်ချင်းဖုန်းဆက်လိုက်နော် ဟုတ်ပြီလား .... "
ပိုးသား မောင့်ကို ပြုံးပြီး ခေါင်းလေးပဲ ငြိမ့်ပြလိုက်သည်။
ထို့နောက် မောင်က သူမပခုံးလေးကို ဖက်ပြီး အိပ်ခန်းထဲမှ သူမတို့လင်မယား ထွက်လာခဲ့ကြသည်။
ဧည့်ခန်းဆီရောက်တော့ သားက မူကြိုသွားဖို့ အဆင်သင့်ဖြစ်နေပြီး အဘိုးနဲ့အဘွားကြားမှာထိုင်ကာ တီတီတာတာလေးတွေ ပြောပြီး ချွဲနေသည်။
"ဟော ဖေဖေနဲ့ မေမေတောင် ထွက်လာပြီ.... မြေးလေး မူကြို သွားရတော့
မယ်... "မေမေက ပြောပြီး သားလေးကို လွယ်အိတ်လေး လွယ်ခိုင်းသည်။
"မေမေ .... မက ဒီမနက် ခါးကိုက်နေလို့တဲ့ .... အဲ့တာ တစ်ခုခု ထူးရင် သားဆီ
ချက်ချင်း ဖုန်းဆက်ပေးနော် ... တစ်နေ့လုံး ခါးကိုက်နေရင် ဒီညနေပဲ ဆေးရုံ
ကြိုတက်လိုက်တော့မလားလို့ .... "
ŞİMDİ OKUDUĞUN
🍓 ချစ်ခြင်းရဲ့ ရနံ့လေး 🍓