Part 2
ကျိုးကျီရှုးမယ်တော်ကြီးအဆောင်ကိုထွက်ထွက်လာခြင်းမင်းကြီးရဲ့ကုန်းကုန်းကိုတွေ့ရသည်။
" ဘာကိစ္စလဲကုန်းကုန်း "
" မင်းကြီးက စစ်သူကြီးကိုတွေ့ချင်နေပါတယ် "
အာရွှီးခေါင်းညိတ်ကာ မင်းကြီးအဆောင်သို့ရောက်လာခဲ့သည်။ သူကိုမြင်မှ စာချွန်တော်ကိုဖြန့်ကာကောက်ဖတ်နေတဲ့အရှင်ကိုတွေ့ရသည်။
" မင်းကြီး ကျွန်တော်မျိုးကိုခေါ်တယ်ဆို "
" အာရွှီးလာပြီလား..ကိုယ်တော်ကအလုပ်လုပ်နေလို့မမြင်လိုက်ဘူး "
" မင်းကြီးအလုပ်ရှုပ်တော်မူနေတာပဲ..ကျွန်တော်
မနှောက်ယှက်တော့ပါဘူး "" အားရွှီ! "
ဝမ်းခဲ့ရှင်ထပြီးပြေးလာကာ အာရွှီးရှေ့ပိတ်ရပ်လိုက်သည်။
" မင်းကိုသတိရလို့ခေါ်ခိုင်းတာ တန်းပြန်တော့မလို့လား "
" ကျွန်တော်ဗိုက်ဆာတယ် "
" အာရွှီဗိုက်ဆာတယ်..အထိန်းတော်တို့မကြားဘူးလား မြန်မြန်စားပွဲပြင်ဆင်စမ်း! "
" ဟုတ်ကဲ့ "
ဝမ်းခဲ့ရှင် စားနေတဲ့အားရွှီကိုကြည့်နေသည်။
" အရှင် မစားဘူးလား "
" အားရွှီ မျက်နှာမကောင်းဘူး ဘာဖြစ်လို့လဲ "
"၂နိုင်ငံသင့်မြတ်ဖို့ မင်းသမီးအာရှန်းနဲ့မင်းသားချောင်ဝမ်နင်ကိုစေ့စပ်ပေးတဲ့အပြင် မင်းသာအန်နာကိုပါအရှင်ရဲ့ကြင်ယာတော်အဖြစ်ဆက်သလိုက်တာဆို "
" မယ်တော်ပြောလိုက်တာလား "
ကျိုးကျီရှုးခေါင်းညိတ်လိုက်သည်။
" အားရွှီမနာလိုဖြစ်နေတာလား "
" အရှင်ဘာကြောင့် ကျွန်တော်မျိုးက မနာလိုဖြစ်ရမှာလဲ အရှင်နှစ်သက်ရင်ပြီးတာပါပဲ အရှင်မနှစ်သက်ဘူးဆို
ငြင်းလို့ရတယ် သူတို့ဘက်ကစစ်ခင်းမယ်ဆိုရင်လည်းကျွန်တော်မျိုးသွားလို့ရတယ် "အာရွှီးစကားကြောင့် ဝမ်းခဲ့ရှင်ရင်ထဲမှာပျော်သွားတာမှန်ပေမဲ့ အေးစက်လွန်းတဲ့အာရွှီးက သူစိတ်ကိုမသိတာကြောင့် ဝမ်းနည်းရသည်။
