Part 3
" လက်ထပ်ဖို့အချိန်ဆွဲနေတာ ဘယ်နှလတောင်ရှီနေပြီလဲအန်မင်းသားအကြိမ်ကြိမ်ပူဆာနေတာ မယ်တော်နားပူနေပြီ "
" အန်းမင်းသားကိုလက်ထပ်မှာပါ အာရွှီးကမှအခုထိ နေမကောင်းသေးတာ "
" ဘာပြောလိုက်တယ်သားတော်..ဟန်းလေး
နေကောင်းမှ လက်ထပ်ထိမ်းမြားမဲ့သဘောလား "" ဟုတ်တယ်မယ်တော် ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ "
" အန်မင်းသားဒီကိုရောက်လာတာ ဘယ်လောက်ကြာပြီလဲ အန်မင်းကြီးကလည်း ထိမ်းမြားပြီးပြီတောင်ထင်နေတာ လက်ထပ်ဖို့ကိစ္စထက်အချိန်ဆွဲတာ မယ်တော်
မလိုချင်ဘူး "" မယ်တော်! "
" သားတော်..စစ်သူကြီး တစ်ယောက်အတွက်နဲ့
ရှင်ဘုရင်ဖြစ်ပြီး အာရုံမမှားနဲ့ ..မယ်တော်စကားနားမထောင်ရင် မယ်တော်ကိုဘယ်တော့မှ လာမတွေ့နဲ့ "ဝမ်းခဲ့ရှင်ဘာမှဆက်မပြောတော့ပဲ မယ်တော်အဆောင်ကထွက်လာခဲ့လိုက်သည်။
" အာရွှီးဆီသွားမယ် "
" ညီလာခံရှီပါတယ် မင်းကြီး "
" ဖျက်လိုက် "
" ဖျက်လို့မရပါဘူး မင်းကြီး "
" ဟာ..င့ါ..တယ် "
" အရှင်မင်းကြီး! "
ကုန်းကုန်း ဒေါသထွက်နေတဲ့ အရှင်မင်းကြီးကို
ဒူးထောက်ခစားကာ တောင်းဆိုလိုက်သည်။🏯
" အစ်ကို ဦးရီတော်ရှဲဝမ်နဲ့ အန်မင်းသားလာတယ် "
ကျိုးကျီရှုးစာဖတ်နေရင်းနဲ့မှ ထရပ်ကာ
ဂရဝပြုလိုက်သည်။" နေမကောင်းလို့ထွက်မကြိုနိုင်တာ ခွင့်လွှတ်တော်မူပါ "
ကျိုးကျီရှုးဝတ်ဆင်တဲ့ခြုံထည်ကို ကြည့်ပြီး
အန်မင်းသား မျက်နှာပျက်သွားသည်။" ဒါ ဘုရင်ကို ချင်နိုင်ငံက ဆက်သတဲ့ အကောင်းဆုံး
ဝက်ဝံသိုးမွှေးပဲ ဘယ်လိုလုပ် စစ်သူကြီးဆီရောက်နေတာလဲ "" အဟမ်း.."
ဦးရီတော်ရှဲ ချောင်းဟန့်ကာ ထိုင်စေလိုက်သည်။
အစေခံတွေက ရေနွေးနဲ့ မုန့်တွေလာဆက်သသည်။
