Part 1
ညီလာခံထဲဝင်လာတဲ့ မူးမတ်က မင်းကြီးကို
ဒူးထောက်ခစားလိုက်သည်။" အရှင်မင်းကြီး စစ်သူကြီးကျိုးက တွေ့ခွင့်တောင်းပါတယ် "
" အာရွှီးစစ်မြေပြင်ကပြန်လာပြီလား..မြန်မြန်
မြန်မြန်ဝင်လာခိုင်းလိုက် "ကျိုးကျစ်ရှုး နန်းညီလာခံခန်းမထဲဝင်ပြီး
ဘုရင်ကို ဒူးထောက်ခစားလိုက်သည်။" အရှင်ကိုဂရဝပြုပါတယ် "
" မြန်မြန်..မြန်မြန်ထ "
ဝမ်းခဲ့ရှင်နန်းပလင်ပေါ်ကပြေးဆင်းလာပြီး
အားရွှီးကိုထစေလိုက်သည်။" အဟွန်း.."
ကုန်းကုန်းရန်ဖေးက အမတ်တွေရှီနေသေးတာကြောင့်
ချောင်းဟန့်လိုက်သည်။" စစ်သူကြီးက မင်းကြီးကိုပမာမခန့်တာလား
ဝတ်စုံပြည့်နဲ့ ညီလာခံကိုမလာပဲနဲ့ ချပ်ဝတ်တန်ဆာနဲ့
ဝင်လာရလား "ဦးရီတော်ရှဲဝမ်စကားကြောင့် ကျိုးကျီရှုး
ဒူးထောက်လိုက်သည်။" မရိုမသေပြုမိတာမဟုတ်ဘူး ကျွန်တော်မျိုး
စစ်မြေပြင်ကနေ နန်းတော်ရောက်ရောက်ခြင်း
ညီလာခံကိုအရေးတကြီးတင်ပြစရာရှီလို့ပါ "" အာရွှီး.. စစ်သူကြီးကျိုး ပင်ပန်းမှာပဲ အိမ်တော်တောင်မဝင်လာခဲ့ဘူးလား "
" ကျွန်တော်မျိုးတို့ဆီ ရိက္ခာအလုံအလောက်ရောက်မလာခဲ့ဘူး တပ်သားတွေဒုက္ခရခဲ့တယ် အနီးနားက ကျန်းခင်းရွာသူတွေ ကောင်းမှုကြောင့် ကျွန်တော်တို့စစ်နိုင်ခဲ့ရတာပါ "
" အမတ်ရှောင် ဘယ်လိုဖြစ်ရတာလဲ "
" ကျွန်တော်မျိုး.."
" ဘာမှမပြောနဲ့ မင်းကိုရာထူးချလိုက်ပြီ "
" မင်းကြီး ကျွန်တော်မျိုးကိုညာတာပေးပါ "
မူးမတ်တွေအမတ်ရှောင်ကိုအပြင်ခေါ်ထုတ်သွားသည်။
" အာရွှီးမြန်မြန်ထ "
ကျိုးကျီရှုးထရပ်လိုက်သည်။
" ကျန်းခင်းရွာကစိုက်ပျိုးရေးတွေလုပ်တယ်
ကျွန်တော် အဲ့ရွာကိုထောက်ပံ့ချင်တယ် "
