Chapter- (1)

2K 199 6
                                    

[Unicode]

ငါ ငါ့‌နောက်ကနေ တကောက်ကောက်လိုက်နေတဲ့ ညစ်ပတ်ပေရေနေတဲ့ဆယ့်‌လေးနှစ်သားကောင်လေးကို စိတ်ပျက်ပျက်နဲ့လှည့်ကြည့်မိတယ်။

"မင်း ဘာလို့ ငါ့နောက်လိုက်နေရတာလဲ?"

ကောင်လေးကတော့ ရိုးသားမှုတွေပြည့်နေတဲ့မျက်ဝန်းလေးတွေနဲ့ ငါ့ကိုကြည့်လာပြီး ပြန်ဖြေတယ်။

"ဦးလေးက ကျွန်တော့်ကို ကယ်ခဲ့လို့။"

ကောင်လေး‌ဆီက ဦးလေးဆိုတဲ့နာမ်စားကိုကြားတော့ ငါ နှာခေါင်းရှုံ့လိုက်မိတယ်။ ငါက တကယ်ပဲ အဲ့လောက်တောင် အသက်ကြီးတဲ့ပုံပေါ်နေပြီလား? တကယ်တော့ ငါ့အသက်က နှစ်ဆယ့်နှစ်,နှစ်ပဲရှိသေးတာ။

"ငါ့နောက် ဆက်မလိုက်ခဲ့နဲ့။ ဆက်လိုက်ရင် ငါမင်းကို သတ်ပစ်မယ်။"

ငါ လေသံမာမာနဲ့ခြိမ်းခြောက်လိုက်ပြီး ကောင်လေးကို လျစ်လျူရှုလိုက်တယ်။ ဒါပေမယ့် ခြေသံတရှပ်ရှပ်က ငါ့နောက်မှာ ကပ်ပါလာတုန်းပဲ။

ငါရပ်ရင် အဲ့ခြေသံလည်းရပ်သွားတယ်။ ငါသွားရင် ခြေသံလည်းပြန်ပေါ်လာတယ်။

"မင်းကို ငါ သတ်လိုက်မှာမကြောက်ဘူးလား?"

ငါ နောက်ပြန်လှည့်ပြီး မျက်နှာထားတင်းတင်းနဲ့မေးတော့ ကောင်လေးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ဖြေတယ်။

"ကျွန်တော့်ဒီအသက်က ဦးလေးပေးထားတာပဲလေ။ ယူချင်လည်း ပြန်ယူလို့ရပါတယ်။"

ငါသက်ပြင်းချလိုက်မိတယ်။ ပါးစပ်ကပြောနေပေမယ့် တကယ်တမ်းကျ ငါ့မှာ အပြစ်ကင်းလှတဲ့ကလေးငယ်ငယ်တစ်ယောက်ကို သတ်ရလောက်အောင်အထိ မရက်စက်နိုင်ဘူး။

ငါ ဒီကောင်လေးကို မြစ်ထဲမှာ ငါးမျှားနေတုန်းတွေ့ခဲ့တာ။ သူ့အဝတ်အစားတွေက သွေးတွေနဲ့ပေပွနေတယ်။ ငါ သူ့ကိုဆယ်လာပြီး တောထဲက ဂူတစ်ခုဆီခေါ်လာခဲ့တယ်။ ဘာဖြစ်ဖြစ် လူတစ်ယောက်ရဲ့အသက်ကိုကယ်တာက ဘုရားကျောင်းဆယ်ခုဆောက်တာထက် ပိုကောင်းတယ်လေ။

သူ့ကိုယ်သေးသေးလေးမှာ ဒဏ်ရာတွေ အများကြီးပဲ။ ငါ တောထဲက ဆေးပင်တွေကို ခူးပြီး သူ့ဒဏ်ရာတွေကို ကြိတ်ထားတဲ့ဆေးဖတ်တွေနဲ့အုံပေးတယ်။ ပြီးတော့ သူ့နားမှာနေပေးတယ်။ သူက တစ်ညလုံးအဖျားတက်နေပြီး မနက်ရောက်ကာမှနိုးလာခဲ့တာ။

My Disciple Left Me Alone [Completed]Where stories live. Discover now