Chapter - 3

926 180 3
                                    

[Unicode]

ငါ့တပည့်ထွက်သွားပြီ!

ဒီအိမ်ထဲမှာ ငါတစ်ယောက်ပဲကျန်တော့တယ်။

ငါနဲ့ ငါးနှစ်‌လောက်အတူနေလာခဲ့တဲ့လူက ရုတ်တရက်ကြီးထွက်သွားတော့ တစ်ခုခုလစ်ဟာသွားသလိုပဲ။ ဒီတော့မှ လျိုယန်ငါ့ဘေးနားရှိတာက အတော်လေးကောင်းမှန်းငါသ‌ဘောပေါက်လာတယ်။ ဒါပေမယ့် ငါ သူ့ကိုဆွဲမထားနိုင်ဘူး။ ဆရာတစ်ယောက်က တပည့်ကို အောက်ကိုဆွဲမချဘဲ အမြင့်ကိုတင်ပေးသင့်တယ်လေ။

နံရံမှာအမြဲချိတ်ထားခဲ့တဲ့ ငါ့ဓားမရှိတော့ဘူး။ ငါ လျိုယန့်ကိုပေးလိုက်တာ။ ထက်မြက်တဲ့ဓားတစ်လက်က နံရံပေါ်မှာ ဖုန်တက်နေတဲ့အထိချိတ်မထားသင့်ဘူး။ ဒီဓားက လျိုယန်ရဲ့ အောင်မြင်မှုလမ်းကိုလျှောက်တဲ့ခရီးမှာ ငါ့အစားအဖော်ပြုပေးလိမ့်မယ်။

စာအုပ်တစ်အုပ်ကိုလက်ကဆွဲရင်း ငါ ထိုင်နေကျနေရာဆီကိုလျှောက်လာလိုက်တယ်။

ငါ့မျက်လုံးတွေက စာမျက်နှာတစ်ရွက်တည်းမှာပဲ အကြာကြီးတန့်နေခဲ့တယ်။ လျိုယန်က သူထွက်မသွားခင် ငါ့ကိုအဖော်ပြုပေးဖို့ သူ သေချာပေါက်ပြန်လာမယ်လို့ပြောသွားခဲ့တယ်။ ပြန်လာနိုင်ပေမယ့် ဒီအတိုင်းခဏတာအလည်အပတ်ပဲဖြစ်နိုင်ပါတယ်။

ငါသိတယ်။ သိုင်းလောကမှာကျင်လည်ပြီးတဲ့အခါ သူ့မှာ အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေရှိလာလိမ့်မယ်။ ပြီးတော့ သူ့လက်ကိုတစ်သက်လုံးတွဲပြီးအဖော်လုပ်ပေးမယ့် မိန်းကလေးတစ်ယောက်လည်း သူ့ဘေးမှာရှိလာလိမ့်မယ်။ ငါ့ကိုတောင် သူ့မိန်းကလေးနဲ့မိတ်ဆက်ပေးနိုင်သေးတယ်။

လူက တစ်နေရာတည်းမှာငြိမ်နေပေမယ့် ငါ့အတွေးတွေကတော့ တောင်စဉ်ရေမရပဲ။ အနာဂတ်ကိုမျှော်တွေးတယ်၊ အတိတ်ကိုပြန်သွားတယ်။ တစ်ယောက်တည်းနေတဲ့လူတွေက အတွေးများတတ်တယ်ထင်တယ်။

လျိုယန်ထွက်သွားတာအတော်ကြာခဲ့ပြီ။

ရက်က‌နေလ၊ လကနေနှစ်ကိုတောင်ပြောင်းတော့မယ်။ ငါထင်လိုက်တာ ငါ့ရဲ့ဒီတပည့်က ငါ့ဆီမလာလောက်တော့ဘူးလို့။ ဒါပေမယ့် ငါ သူပြန်လာမှာကို မျှော်နေမိတုန်းပဲ။

My Disciple Left Me Alone [Completed]Where stories live. Discover now