11

3.3K 244 7
                                    

Zawgyi

Chaeng နဲ့ bar မှာဆုံဖြစ်​ကြရင်း

" Rubyjane unnie နဲ့ ဆုံဖြစ်​​သေးလား "

"အင်း "

" ​မျက်​နှာချင်းဆိုင်​ တိုက်​ခန်းကို​ပြောင်းလာတာသူ​လေ "
ထိုအ​ကြောင်းကို Chaeng ကို မ​ပြောဖြစ်​​သေး

" မ​မေ့နိုင်​ရင်​ ..ပြန်​ဆက်​သွယ်​ချင်​ပြန်​ဆက်​သွယ်​​ပေါ့
Lili ရာ "

အမြဲတမ်း ​မေ့ပစ်​လိုက်​ ..စိတ်​ထဲက​နေထုတ်​လိုက်​လို့
အမြဲ​ပြောတတ်​တဲ့ ..Chaeng က ဒီတစ်​ခါ​တော့
ပြန်​ဆက်​ဖို့​ပြော​နေပြန်​တယ်​ ..လီဆာ ​မေ့မရနိုင်​တာ
Chaeng က အသိဆုံးမလား ။

အရက်​ခွက်​ကို နှုတ်​ခမ်းနား​တေ့ ​မော့​သောက်​ပြီး
စားပွဲ​ပေါ်ပြန်​ချရင်း

" မဖြစ်​နိုင်​​တော့ပါဘူး chaeng ရာ ..
သူ့မှာ က​လေး​တောင်​ရှိ​နေပြီ "

" ဟင်​ ..က​လေး..တကယ်​ "

Chaeng လည်းအ​တော်​ အံ့သြ သွားပုံ​ပဲ..

တစ်​ခွက်​ ...

နှစ်​ခွက်​ ...

သုံးခွက်​ ......။

Chaeng က ဘာမှ ဆက်​မ​မေးလာတာ ကို
ကျေးဇူးတင်​ရမည်​ ..။ အရာရာကို နားလည်​​ပေးတတ်​တဲ့ Chaeng ဆိုတဲ့ သူငယ်​ချင်းတစ်​​ယောက်​ရှိ​နေတာ လီဆာ တကယ်​ကံ​ကောင်းပါသည်​ ။

....................

တံခါးဘဲလ်​သံကြားလို့ အိပ်​ရာက ထလိုက်​​တော့ ..

Chaeng က ခုတင်​​ ​ခြေရင်းမှာ..

မ​နေ့ညက လီဆာတို့နှစ်​​ယောက်​ ​တော်​​တော်
မူး​နေခဲ့တာ အိမ်​ကို ဘယ်​လို​ရောက်​လာမှန်းမသိ ။

တံခါး​ပေါက်​ဖွင့်​​ပေးလိုက်​​တော့ လီဆာ့ဆီကို
မနက်​ခင်းတိုင်း အမြဲလာ​နေကြ Je Je ပင်​ ။

တံခါးဖွင့်​​ပေးလိုက်​​တော့ Je Je က ဆိုဖာ​ပေါ်တက်​ထိုင်​​နေရင်း ပါလာတဲ့ နွားနို့ဘူး ကို ​ဖောက်​​သောက်​​နေ​လေရဲ့ ။

"Lili ဘယ်​သူလာတာလဲ "

Chaeng က အိပ်​မှုန်​စုံဖွားနဲ့ ထလာပြီး
မေးလာတယ်​ ..အသံ​တွေကလည်း ဝိုးတစ်​ဝါးနဲ့ ။

You are my kryptonite Where stories live. Discover now