15

3.8K 235 4
                                    

ဆေးရုံက​နေ  တိုက်​ခန်းဆီပြန်​လာ​တော့

ထုံးစံအတိုင်း Chaeng က​တော့ စား​နေတယ်

" အလုပ်​သွားပြီမှတ်​​နေတာLili ဘာလို့လဲတစ်​ခု ခု ကျန်​ခဲ့လို့လား "

ရေခဲ​သေတ္တာထဲက ​ရေတစ်​ဘူးကို ယူ​သောက်​လိုက်​ရင်း

" မဟုတ်​ဘူး ..​ဆေးရုံကပြန်​လာတာ "

Chaeng က လီဆာ​ပြောလိုက်​မှစိုးရိမ်​တကြီး ​မေးလာပြန်​တယ်​ .. ပါးစပ်​ထဲက စားစရာ​တွေကို အလျင်​အမြန်​ဝါးလိုက်​ပြီး ...

" ဘာ ..ဘယ်​သူဘာဖြစ်​လို့လဲ ..Lili နင်​​နေမ​ကောင်းဘူးလား"

"မဟုတ်​ဘူး ..Je Je မ​နေ့ညက အဖျားကြီးပြီးသတိလစ်​သွားလို့ ​ဆေးရုံတင်​ထားရတယ်​ .ည ၁၂ နာရီ​ကျော်​​လောက်​က နင်​က အ​သေအိပ်​​နေတာကိုး ...အဲ့တာနဲ့ မနှိုး​တော့ဘဲ
ထားခဲ့လိုက်​တာ "

" ဒါဆို Je Je ​ရောသက်​သာလား ..ဒီ​နေ့ ကုမ္ပဏီ သွားမယ်​ဆို ငါသွားလိုက်​မယ်​​လေ ​ဆေးရုံကို "

" အင်း ..အဲ့လိုလုပ်​တာ​ပေါ့ ..။ Rubyjane လဲဖို့ အဝတ်​အစား​တွေ ယူသွား​ပေးလိုက်​အုံး ... ​ရော့ သူ့တိုက်​ခန်း
Password"

Rubyjane ​ရေး​ပေးလိုက်​တဲ့ password ​ရေးထားတဲ့ စာရွက်​​ခေါက်​​လေးကို ..Chaeng ဆီ လှမ်း​ပေး​တော့

" Lili နင်​ပဲ unnie အဝတ်​အစား​တွေ သွားယူ​ပေးလိုက်​ပါကွာ ..ငါက အဲ့လို ​နေရာ​တွေမှာ မ​တော်​ဘူး ...ဘယ်​လိုမျိုး ​ရွေးချယ်​ရမလဲ ငါမသိဘူး ..နင်​ပဲသွားယူ​ပေး​နော်​ " ဆိုပြီး ​ရေချိုးခန်းထဲဝင်​သွားတဲ့ Chaeng ...။

" ဟူး ..ငါကလဲ ဘယ်​​လောက်​​တော်​​နေတာကြလို့ ..
Chaeng အစုတ်​ပလုတ်​ ရဲ့ .."

အပြင်​က​နေ လှမ်း​အော်​လိုက်​တယ်​ ..။

.........

Rubyjane ရဲ့တိုက်​ခန်း​ရှေ့​ရောက်​​တော့
ရေး​ပေးထားတဲ့ စာရွက်​​ခေါက်​​လေးကို ဖွင့်​ကြည့်​လိုက်​​တော့

" 230915" ​တွေ့လိုက်​ရတဲ့ password ​ကြောင့်
တစ်​ခဏ ​ငေးမှိုင်​မိသွားတယ်​ ။
ဒါ​တွေက ..Rubyjane ​နဲ့ Lisa တို့ရဲ့ Anniversary
day ​လေ ..။
Rubyjane ဆိုတဲ့မမက ကိန်းဂဏန်း ​လေး​တွေနဲ့တင်
ခုထိလူကို သတ်​နိုင်​​နေတုန်း ။

You are my kryptonite Where stories live. Discover now