[Zawgyi]"ဟိုဟာလေ ညီမနာမည်က Lalisa ပါ ။မမရဲ့နာမည်လေးသိခွင့်ရှိမလား
"Ruby Jane ပါ"
နာမည်လေးက Ruby Jane တဲ့ နာမည်လေးကအစဘယ်လောက်တောင်အဖိုးတန် တဲ့နာမည်လေးလည်း.....
နာမည်သိရပြီးပြီးချင်း မမရှေ့ကနေ ပြေးထွက်လာခဲ့မိ။ မဟုတ်ရင် ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ကုန်တော့မှာ ။အရမ်းချစ်ရတဲ့ crush ရှေ့ရောက်ရင် အဲ့လိုပဲဖြစ်သွားတတ်ကြလားမသိတော့ ။အိမ်ပြန်ရောက်တော့ ကုတင်ပေါ်လှဲအိပ်ရင်း မမအကြောင်းတွေးရင်း Ruby Jane ဆိုတဲ့ နာမည်လေးကို ရေရွတ်နေမိတာ ဘယ်နှကြိမ်မှန်းတောင် မသိဘဲအိပ်ပျော်နေခဲ့တာ ဖုန်းringtone သံကြားမှပဲ နိုးလာခဲ့တော့တယ် ။ contact ကို တစ်ချက်ကြည့်လိုက်တော့ တစ်ယောက်တည်းရှိတဲ့ သူငယ်ချင်းလေး
" အင်းchaeng ပြော "
"မနက်ဖြန်ပန်းချီပြပွဲတစ်ခုရှိတာ အဖော်လိုက်ခဲ့အုံး lili ။ မနက်၁၀နာရီလောက် သင်တန်းမရှိဘူးမလား"
"Ok ok chaeng "
................................................
"RJ Gallery "
RJ Gallery တဲ့ ပြခန်းနာမည်လေးကို ဖတ်ကြည့်လိုက်တော့ ရုတ်တရက် မမကို သတိရမိသွားတယ် ။
မမနာမည်အတိုကောက်လေးကလည်း RJ ပဲလေ ။မမရဲ့ နာမည်လေးကို ဘယ်နေရာ၊ဘယ်ချိန်ဖြစ်ဖြစ် နာမည်အပိုင်းအစလေးဖြစ်ဖြစ် ကြားမိလိုက်ရင်ကို
ရင်ထဲမှာ ဗလာင်ဆူအောင် ဖြစ်တတ်နေခဲ့ပြီ။သိပ်ကိုတမ်းတနေခဲ့ရတဲ့သူကို မမျှော်လင့်တဲ့နေရာမှာတွေ့ဆုံခွင့်ရတဲ့အခိုက်အတန့်လေးကို ဘာနဲ့မှ မလဲနိုင်အောင်မမက ပြုစားနိုင်ခဲ့ ။
အနက်ရောင် ဒူးဖုံးဂါဝန်လေးနဲ့ သိပ်ကို လှနေတဲ့ မမ Gallery မှာ ချိတ်ထားတဲ့ ပန်းချီတွေထက် သိပ်ကိုလှနေတဲ့ မမ
" ရောက်လာပြီလား Chae young ပန်းချီတွေ ပတ်ကြည့်ပြီးပြီလား ဘယ်လိုလဲ "
မမဆီမှ စကားသံ
YOU ARE READING
You are my kryptonite
Hayran Kurguအားနည်းချက်လေး... မမက lili ရဲ့အားနည်းချက်လေး .... Lalisa