အပိုင်း(၁) သူနဲ့စဆုံခြင်း ~~~

210 18 4
                                    

*Zawgyi*

"" ဒီနေ့က ကျွန်တော့်ရဲ့ စိတ်အလှုပ်ရှားဆုံးနေ့ပဲ .ကျွန်တော် chaung2021မှာ ပြိုင်ပွဲဝင် traineeတစ်ယောက် စဖြစ်ရတော့မှာလေ.ကျွန်တော့ နာမည် Zhou Ke Yu(ကျိုးခယ့်ယွင်)ပါ Danielလို့လဲ ခေါ်ကြတယ်. ""

ဒီနေ့နေသာတယ်လို့ ဆိုရမှာပဲ အရာရာက စိမ်းစိမ်းစိုစိုနဲ့ လှပနေတာပဲ.ကျွန်တော့် ကားမှန်ကို တင်ပီး အပြင်ဘေးပတ်ဝန်းကျင်ကို
ကြည့်လိုက်တယ်.
ကားရဲ့ လှုပ်ရှားမှုနဲ့အတူ chaungကို တဖြည်းဖြည်းနဲ့ စရောက်လာပါပီ.လူတေတော်တော်များပါတယ် trainee 90တောင်ဆိုတော့လေ. ကျွန်တော်ကားပေါ်ကဆင်းပီး ပတ်ပတ်လည်လည်ကို လိုက်ကြည့်နေတယ် အဲ့မှာပဲ ကျွန်တော့ Driverက "သွားတော့မယ်နော် ခယ့်ယွင် မင်းကံကောင်းပါစေ"လို့ ပြောပီး အထုတ်တေချပီး ထွက်သွားခဲ့တယ်~~~

ကျွန်တော် ရုတ်တရက်အခက်တွေ့သွားတယ် ဘာလို့ဆို ဒီမှာ ကျွန်တော်သိတဲ့ သူတေကို တစ်ယောက်မှ မတွေ့မိလို့ အဲ့တာနဲ့ပဲ စိတ်ရှုပ်ရှုပ်နဲ့ ကျွန်တော် ထိုင်နေခဲ့တယ်~~

ကျွန်တော့ဘေးကို လူတစ်ယောက်ရောက်လာတယ် သူ့ပုံစံက အရပ်ရှည်ရှည် အသားဖွေးဖွေးနဲ့ တော်တော်တော့ ကြည့်ကောင်းပါတယ် သူကျွန်တော်ကို အရင်စနှုတ်ဆက်ခဲ့တယ

"Hi ငါက Oscarပါ မင်းတစ်ယောက်ထဲ ဖြစ်နေတာမြင်လို့ ငါလာခဲ့တာ"
အဲ့တာ နဲ့ ကျွန်တော့လဲ ပြန်နှုတ်ဆက်မယ့်အလုပ် သူကျွန်တော့ကို အရင်ပြောလာတယ်
"မင်း နှုတ်ဆက်စရာ မလိုပါဘူး ငါမင်းကို သိတယ် မင်းZhou Keyuမလား " မင်းရဲ့ dramaကို ငါကြည့်ဖူးတယ် မင်းအဲ့တုန်းက သရုပ်ဆောင်တာ အရမ်းကောင်းတယ်" ကျွန်တော်လဲ ဘာဆက်ပြောရမှန်း မသိဖြစ်နေချိန် greetingအခန်းထဲမှာ လူစုဖို့ပြောနေတဲ့ staffတေက ခေါ်လို့ ကျွန်တော်တို့ ၂ယောက် အမြန်သွားခဲ့ရတယ်~~

စီစဉ်သူက traineeတေဆုံပီ ဆိုတာနဲ့ သူပြောလာတယ် သူပြောတာက greeting အခန်းထဲကို တစ်ဖွဲ့ဆီဝင်ရမယ်တဲ့ internation traineeရောဆိုတော့ သတ်သတ်ခွဲဝင်ဖို့ပြောတယ် နှုတ်ဆက်တာ လွယ်ကူအောင်လို့လေ ကျွန်တော်နဲ့ Oscarက တစ်ဖွဲ့ထဲမှာပဲ ကျတယ် greeting အခန်းထဲ အရင်ဆုံးရောက်တဲ့သူတေပေါ့ ~~
__*******_
အခုဆိုရင် traineeတေ တော်တော်တောင် ဆုံနေပီ
လူတေအရမ်းများတော့ ကျွန်တော် အာရုံမစိုက်နိုင်ဘူး ခေါင်းတေအရမ်းကိုလာလို့ အောက်မှာပဲ ထိုင်ချနေလိုက်တယ်
Oscarက ကျွန်တော် အဆင်ပြေလားလို့ သူမေးတယ် ကျွန်တော်လဲ ငါရတယ် ဘာမှမဖြစ်ဘူးလို့ ဖြေခဲ့ရတယ်
အမှန်တော့ ကျွန်တော် ခေါင်းအရမ်းကိုက်နေခဲ့တာ အဲ့အချိန်မှာ လူနှစ်ယောက် ၀င်လာတယ် သူတို့ဝင်လာတဲ့အချိန် ဆူညံအားပေးသံတေအရမ်းများတာပဲ
ကျွန်တော့ နားထဲမှာ အသံကတော့ "Sawadee kha "ဆိုပီး ထိုင်းလို နှုတ်ဆက်တဲ့ အသံကို ကျွန်တော်လဲ သိချင်စိတ်နဲ့ ထပီးကြည့်လိုက်တယ် ကောင်လေး၂ယောက်ပါ Nine နဲ့ Patrickတဲ့
Nineကတော့ ကျွန်တော့ထက် အသက်ကြီးမယ့် ပုံပါပဲ ဟိုတစ်ယောက်ကတော့ ဘယ်လောက်လဲတော့ ကျွန်တော်လဲ မသိဘူး ကျွန်တော်သူ့ကို စိုက်ကြည့်နေခဲ့တယ် အဲ့အချိန်မှာ ရုတ်တရက် *သူ့ကျွန်တော့ကို ကြည့်နေခိုက် ကျွန်တော့ ၂ယောက် အကြည့်ချင်း ဆုံသွားခဲ့တယ် * ဘယ်လိုပြောရမလဲ ကျွန်တော့ ရင်တေတဒိတ်ဒိတ်ခုန်နေခဲ့တယ် 👻

Love Singers(kepat)❣️❣️Where stories live. Discover now