အပိုင်း(၄)ငါ့ရဲ့ ရင်ခုန်ခြင်းက မင်းနဲ့မှစတာ

52 16 1
                                    

Zawgi

"Patrick"
ကျွန်တော့ နာမည်ကို ခေါ်သံကြားလို့ အခန်းတံခါးကို
သွားဖွင့်လိုက်တယ်
"ကျိုခယ့်ယွီ!! ဘာလာလုပ်တာလဲ ညဉ့်နက်နေပီ"
"လာ မင်းငါနဲ့ ခဏလိုက်ခဲ့ "
အဲ့ဒါနဲ့ ကျွန်တော်လဲ သူခေါ်ရာကို လိုက်သွားခဲ့တယ်

"မင်း ညနေက ထမင်းမစားဘူးဆို patrick"
"ဟုတ်တယ် ငါအခုတလော အရမ်းဝနေလို့ ဝိတ်ချနေတာ"
"ဒါမဲ့ မင်းအစာမစားရင် မနက်ဖြန်ကျ ဘယ်လိုလေ့ကျင့်ကြမလဲ" မင်းအားရှိနေဖို့လိုတယ် ငါမင်းတွက် တစ်ခုခုလုပ်ပေးမယ်
မင်းဘာစားမလဲ ''
"ရပါတယ် တကယ်ငါ့အတွက်အဆင်ပြေပါတယ်"
"Patrick !!! ဆိုပီး ရုတ်တရက်အော်လိုက်တော့
ကျွန်တော်လဲ မငြင်းဘဲ စားဖို့ရွေးချယ်ခဲ့ရတယ်

"မင်းအတွက် ဘာလုပ်ပေးရမလဲ "
"အဆင်ပြေရာပေါ့ ငါကအစားမရွေးပါဘူး"
"အာ့ဆို ငါခေါက်ဆွဲပြုတ်လိုက်မယ်"
'အင်း မင်းသဘော'

ကျွန်တော့ကို စိုးရိမ်ပီး ခေါက်ဆွဲလာပြုတ်ပေးနေတဲ့ သူကို
ကျွန်တော် အံ့သြသွားတယ် အခုမှသိတဲ့သူတစ်ယောက်ကို
သူအရမ်း ဂရုစိုက်ပေးတယ်
{ငါ့အပေါ်ပဲလား ဒါမှမဟုတ်သူကလူတိုင်းအပေါ်ကောင်းတာပဲလား}ကျွန်တော်နားမလည်ဘူး ဒါမဲ့ သူရဲ့ ဒီပုံစံလေးကို
ကျွန်တော် သဘောကျတယ်~~~~

ကျွန်တော် စားနေတာကို မျက်တောင်မခတ်ကြည့်နေတဲ့
သူကြောင့် ကျွန်တော် အနေရကျပ်လာတယ်
"ကျိုးခယ့်ယွီ မင်း ငါ့ကို တစ်ခုခုပြောစရာရှိလား?"
"ဘာလို့လဲ မရှိပါဘူး"

"မသိပါဘူး မင်းကစိုက်ကြည့်နေတော့ ပြောစရာများရှိလားလို့"
"ဘာလဲ ငါက မင်းကိုကြည့်ခွင့်မရှိဘူးလား"လို့ ခပ်တည်တည်နဲ့ပြောလာတော့ ကျွန်တော် ရေသောက်ရင်း စီးသွားတယ်

"Patrick မင်းရရဲ့လား!"ဆိုပီး သူအရမ်း စိုးရိမ်နေတယ်"
"အဲ့လောက်ထိ စိတ်ပူစရာ မလိုပါဘူး ငါအဆင်ပြေပါတယ်"
ပြောပြောဆိုဆိုနဲ့ ကျွန်တော့ နှုတ်ခမ်းပေါ် ရုတ်တရက် ရောက်လာတဲ့
အရာကြောင့် ကျွန်တော် မျက်လုံးပြူးခဲ့ရတယ် %%
ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူတစ်ရှူးနဲ့
ကျွန်တော်နှုတ်ခမ်းကို သုတ်ပေးနေတယ်. သူ့မျက်နှာကို အနီးကပ် မြင်လိုက်ရတော့ "အရမ်းချောတာပဲ ကျိုးခယ့်ယွီ" လို့
ကျွန်တော့ ပါးစပ်ကလွှတ်ခနဲ့ ထွက်သွားတယ် 🙉
ကိုယ့်ဟာကိုပြောပီး {ကျွန်တော့ပါးတေရဲတတ်လာတယ် }
ကျွန်တော့ အဖြစ်ကိုကြည့်ပီး မခို့တစ်ယို့နဲ့ သူရယ်နေတယ်
ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ခေတ္တခဏ
တိတ်ဆိတ်နေခဲ့တယ် ............

Love Singers(kepat)❣️❣️Where stories live. Discover now