အပိုင်း(၃)We are just friends

64 15 1
                                    

Zawgi

"ခယ့်ယွင် မင်းဘယ်အခန်းမှာ နေရမှာလဲ ??"
"အော် Oscar ငါက 1250မှာ မင်းရော ?"
"မင်းနဲ့မတူဘူး ငါက 1036 မင်ပျင်းတဲ့အချိန် ငါ့ဆီလာခဲ့ပေါ့
ငါ သွားပီ ခယ့်ယွင် ငါအထုပ်တေနေရာချရအုန်းမှာမို့ "
ွကျွန်တော်လဲ " အေးအေး "လို့ ပြောပီး ကျွန်တော့ရဲ့အခန်းဘက်ကို လျှောက်လာခဲ့တယ်.....

!!ဖြောင်းးးးးးဖြောင်းး ဖြောင်းးးး!
လက်ခုပ်သံတေ တီးပီးကြိုဆိုနေတဲ့ ကျွန်တော်တို့အခန်း .
စုစုပေါင်း ၁၀ရှိပါတယ် ကျွန်တော် အပါဝင်ပေါ့ အကုန်လုံးက ခင်ဖို့ကောင်းတယ် အထူးသဖြင့် ဖူစီချိုပေါ့(Fusichao) သူကအရမ်းသွပ်တယ် ကျွန်တော်လိုပဲ မျက်မှန်လေးနဲ့ကောင်လေးးး
"ကျိုးခယ့်ယွင် မင်းဘာရပ်လုပ်နေတာလဲ"

ကျွန်တော်တွေးနေတုန်းမှာပဲ အဲ့ကောင်လေးက လာခေါ်တယ်
"အင်း ဘာမှမလုပ်ပါဘူး ငါစဉ်းစားနေတာက ငါအပေါ်ထပ်ကိုနေရမလား အောက်ထပ်ကိုနေရမလား စဉ်းစားနေတာ"
"ဒီလိုလုပ်လေ အခုငါနေတဲ့ ကုတင်ရဲ့ အပေါ်မှာ ဘယ်သူမှမရှိဘူး မင်းနေပါ့လား"
လိုလိုလားလားပြောနေတဲ့ ကောင်လေးကြောင့် ကျွန်တော့အားနာနာနဲ့ " ဒါဆို ငါအဲ့မှာပဲ နေလိုက်မယ်"
အထုတ်တေ နေရာတကျ ထားပီး ကျွန်တော် Oscarတို့အခန်း
ဘက်ဆီ ထွက်လာခဲ့တယ် ~~~

"ကျိုးခယ့်ယွင် !"
ခေါ်သံကြားရာဘက်လှည့်ကြည့်လိုက်တော့ နေ့လည်က ကျွန်တော့ရင်ကို လှုပ်ခတ်အောင် လုပ်နိုင်တဲ့သူ .......
"ကျိုးခဲ့ယွင် မင်အားလား ?? အားရင် ငါနဲ့အတူ ကြက်တောင်ရိုက်တမ်း ကစားပါ့လား ငါ့အဖော်တေက မလာသေးလို့""
ကျွန်တော် သူရဲ့ ပြည့်ပြည့်ဖောင်းဖောင်း ပါးလေးကိုပဲကြည့်ပီး သူစကားပြောနေတာကို နားပဲထောင်ပီး ပြန်မဖြေလိုက်ရ
"ဘာလဲ မင်းက ငါနဲ့မကစားချင်လို့လား တိတ်ဆိတ်နေတာပဲ ဘာမှလဲပြန်မပြောဘူး"ပြောရင်း ပြောရင်းငိုမဲ့မဲ့ဖြစ်နေတဲ့သူကို
ရယ်ရခပ် မရယ်ရခပ် ဖြစ်နေသော ကျွန်တော်😆
"မဟုတ်ပါဘူး ငါတွေးနေတာက မင်းနဲ့ငါနဲ့က အရပ်ကွာတယ်လေ အဲ့တော့ ကြက်တောင်ရိုက်တာ အဆင်ပြေပါ့မလား??"
"အိုးးးး မင်းအလွန်ဆုံးရှိ ငါ့ထက် ခေါင်းတစ်လုံးစာပဲ အရပ်ရှည်တာပါ ကြက်တောင်ရိုက်တာကပုတာရှည်တာ ဘာမှမဆိုင်ဘူး"ဆိုပီး နှာခမ်းလေး စူစူလေးပြောနေတဲ့ သူ့ကို ကျွန်တော်
အူယားလို့ ကိုက်စားပစ်ချင်သည်မှာ အမှန်ပင်

Love Singers(kepat)❣️❣️Where stories live. Discover now