Part-5

5.2K 499 11
                                    

ယုံကြည်မှု ထားလွန်းရင် ကိုယ်ပဲခံစားရတာလား?
ယုံကြည်ထားခဲ့တယ် ယုံကြည်ရလောက်အောင်လဲ သူနေပြခဲ့တယ် သူပဲတော်တာလား ? ကိုယ်ကပဲညံ့တာလား ....

မထင်ထားခဲ့ဘူး Jungkook သူ့ပေါ်ဒီလို လုပ်လိမ့်မယ်လို့ ပိုပီးယုံကြည်ခဲ့တော့ ပိုပီးခံစားရတယ်..မမြင်ရက်စရာ မြင်ကွင်းကြီးကမျက်စိထဲကမထွက်နိုင်ဘူး၊ သူတောင်မထိရက်နိုင်တဲ့ သူ့ကောင်လေးက လူတယောက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ.....

အိမ်ကိုဘယ်လိုပြန်ရောက်လာလဲ သူမသိတော့..အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်တက်ပီး ခေါင်းအုံးပေါ်မျက်နှာမှောက်ခါ ယောက်ကျားတန်မဲ့ငိုမိသည်၊ ငါမပေးဆပ်လို့ ပေးဆပ်တဲ့သူနဲ့နေနေတာလား Jungkookရယ်....

ငါ့နောက်ကို မင်းလိုက်လာပီး အနဲဆုံးတော့ မရမကမင်းရှင်းပြသင့်တာပေါ့...
ခုအိမ်ရောက်တဲ့ထိ ရောက်မလာသော Jungkook ကို ပိုစိတ်နာမိသည်။

~~~~~~~~~

ကျွန်တော် အိမ်ပြန်ရောက်ရောက်ချင်း Hyung အခန်းကို အပြေးသွားမိတယ်၊ဒါပေမဲ့ တံခါး Lock ချထားတယ်..တံခါးကိုအတင်းထုပီးနှိုးရအောင်လဲ ကျန်တဲ့ အကိုတွေအိပ်နေတာမို့ မနှိုးသင့်...
Hyung ဖုန်းကိုခေါ်တော့လဲ မကိုင်တာမို့ အခန်းဝမှာ တံခါးကိုမှီ၍ထိုင်ချပီးအသံခပ်တိုးတိုးဖြင့်ခေါ်ကြည့်မိသည်။

" Taehyung Hyung.... တံခါးလေးဖွင့်ပေးပါလား Taeရယ် ကျွန်တော်အများကြီးတောင်းပန်ပါတယ်..ဒါပေမဲ့ ကျွန်တော် ဘာမှမလုပ်တာ ကျွန်တော်သိတယ် ဒီကိစ္စကို ကျွန်တော်ရအောင်ဖော်ထုတ်ပေးပါ့မယ် Hyung.. မုန်းတော့မမုန်းလိုက်ပါနဲ့..ကျွန်တော်ကိုယ်တိုင်တောင် မသိတဲ့ အမှားမို့ တောင်းပန်ရုံကလွဲပီး ဘာပြောရမှန်းမသိဘူး Hyung .... သေချာတာကတော့ ကျွန်တော် Tae ကိုပဲချစ်တာ "

~~~~~~~~~

Jungkook အသံကြားပေမဲ့ တံခါးလဲမဖွင့်ပေးချင်ဘူး၊ခုနက မြင်ကွင်းကြီးကို ပြန်မြင်မိနေတာမို့ ခုချိန် Jungkookကိုလုံးဝမတွေ့ချင်ဘူး...

အသံလဲမကြား‌တော့ Jungkook သူ့အခန်းသူသွားပီ ထင်ပါရဲ့ ... Jungkook ကိုယုံသင့်လား?
ဟင့်အင်း...မနေ့က ဖုန်းတောင်မကိုင်ဘဲ Vipအခန်းထဲ သူမဟုတ်တဲ့တခြား တယောက်နဲ့တွေ့ထားရတာ မျက်စိနဲ့ တပ်အပ်မို့ မယုံနိုင်ဘူး.....

Your Eyes Tell (Complete)Uni+ZawGWhere stories live. Discover now