Part - 4

5.4K 524 27
                                    

" ကလေးတို့ရေ Sejin Hyung ကခေါ်ထားတယ်နော်
Meeting တဲ့ "

"Member အကုန် တက်ရမှာလား Namjoon Hyung"

"အေးဟုတ်တယ် Jimin ရေ တခြားသူတွေလဲ ပြောလိုက်ပါဦး Hyungသွားနှင့်ပီ ၁၁နာရီနော် နောက်မကျစေကျနဲ့ဦး"

ပြောပြောဆိုဆိုဖြင့် Namjoon Hyung က ထွက်သွားနှင့်ပီ။

Jiminလဲ တခြားmemberတွေကို နှိုးရန် တခန်းဝင်တခန်းထွက် အလုပ်ရှုပ်‌နေရပီ၊တခြားသူတွေကို နှိုးရတာ ပြသနာသိပ်မရှိ Suga hyungကိုမနှိုးချင်ဘူး ၊အဲ့ hyungက ညအိပ်ရင် အကုန်ချွတ်အိပ်တာ ၊boxerတထည်ပဲ ပါတယ်၊ယောက်ကျားလေးချင်းပေမဲ့ အဲဒါကြီးကိုမြင်ရင် တညိုးကြီးပဲ‌ဗျ ဟီး.....

" Suga Hyung.. Suga Hyung ထတော့ ထဝောာ့ "

ခပ်တိုးတိုးအသံလေးဖြင့် မိမိနာမည်ခေါ်သံကြားတော့ ကြည့်လိုက်တော့ ခေါင်းကြီးအောက်ငုံ့ပီး မတ်တပ်ရပ်နေသော Jimin လေး...

"အွန်း Jimin လာနှိုးတာလား ..ဘာဖြစ်လို့လဲ"

"Meeting ရှိတယ်တဲ့ Hyung ... Sejin Hyung ခေါ်ထားတာ ၁၁နာရီတဲ့ တခြားသူတွေတောင်သွားကုန်ကြပီ ကျွန်တော်နဲ့ Hyungပဲကျန်တာ"

ပြောသာပြောနေတာ ခေါင်းကမမော့ဘူး၊အဲ့ကလေးကိုစချင်လာတာနဲ့ ...

"Jimina ခေါင်းမော့ပါဦးကွ ဘာလို့လဲ Hyungကိုမကြည့်ချင်ဘူးလား"

"အာ... မဟုတ်တာ Hyungကလဲ "

လက်သေးသေးလေးတွေက အကျီစ‌လေးများကိုဆုတ်ချေနေတာ ပါးလေးကလဲမက်မန်းသီးလေးလို ..
Jiminအပေါ်မှာ တခြားmemberတွေနဲ့မတူတဲ့ခံစားချက်မျိုးဖြစ်တည်နေတာ သတိထားမိတာကြာပီ အဲ့ကလေးကလဲ သူ့ကိုဆို နားလည်ပေးတယ် အမြဲနှစ်သိမ့်ပေးတယ် စိတ်ထားကောင်းတဲ့ mochi လေး....

"ဒါဆိုကြည့်ချင်တယ်ပေါ့"

"Suga Hyung......."

အသံဆွဲပီးပြောတာလေးကိုက min sugaတို့အသဲယားနေတာ၊ ရုတ်တရက် ထရပ်ပီး Jiminရဲ့ ပါးဖောင်းဖောင်းလေးတွေကို လက်၂ဖက်နဲ့ဆွဲညှစ်လိုက်တော့ မျက်လုံးမှေးမှေးလေးပြူးလာတယ်...

"စတာပါ jiminလေးရယ် သွား‌နှင့်လေ hyungလိုက်ခဲ့မယ်"

"ဟုတ်"

Your Eyes Tell (Complete)Uni+ZawGDonde viven las historias. Descúbrelo ahora