Part-6 🚨🚨

7K 549 46
                                    

🔞 အနဲငယ်ပါသည်....

Memberတွေအကုန် အဖြစ်မှန်သိပီးနောက် သက်ပြင်းချသူချ၊မျက်နှာမကောင်းဖြစ်သူ ဖြစ်ကုန်ကြသည်။

Jim Hyungက Jungkookကို လှမ်းကြည့်ပီး...

"အော် အချစ်က တခါတလေကျ တကယ်ကြောက်ဖို့ကောင်းတာပဲ.. အငယ်လေး မင်းဘယ်လိုလုပ်မယ် စိတ်ကူးလဲ အဲ့ကောင်လေးလဲ အချစ်ကြောင့်ရူးခဲ့မိတာပဲ ဒါပေမဲ့ သူ့လုပ်ရပ်က မင်းကိုအများကြီးထိခိုက်နိုင်တာ သူမတွေးခဲ့ဘူးထင်ပါတယ် "

Suga Hyung မှ ....

"ငါကတော့ တရားဆွဲစေချင်တယ်.. Sejin hyungကို‌ ပြောပီး သူ့ companyကနေတဆင့် ငါတို့ဆက်လုပ်ခိုင်းလိုက်မယ် ငါသာဆို စိတ်ရှိလက်ရှိ ရိုက်သတ်ပစ်မိမှာကွာ"

"အဲလိုလဲ မဟုတ်ပါဘူး suga hyungရယ် သူလဲ အချစ်အတွက်မိုက်ရူးရဲဆန်မိတာဖြစ်မှာပါ သနားဖို့တော့ကောင်းပါတယ်"

တယ်လဲ ဖြူစင်တဲ့ Jimin ....

"ဒါဆို ငါလဲ သူ့လို မိုက်ရူးရဲဆန်ပီး မင်းကို အဲလိုလုပ်မယ်ရလား"

"ဟာ.... Suga Hyung. ...တော်ပီ Hyung ကိုစကားမပြောတော့ဘူး"

Mochi လေးစိတ်ကောက်သွားရှာပီ ။

"ကဲပါ မင်းတို့ Yoonmin အတွဲက အသာနေ Jungkook ဆုံးဖြတ်ပါစေ "

Hobi hyung ကိုပါ စိတ်ဆိုးသွားသော Jimin ၊ မျက်နှာလေးပါ ရဲတက်နေပီး Taehyungဘေးကို စောင့်စောင့်နဲ့ သွားထိုင်နေသည်။

"ကျွန်တော့် အနေနဲ့ဆို လုံးဝခွင့်မလွှတ်နိုင်ဘူး... သူ့ကြောင့် ကျွန်တော့ကို V hyung စိတ်ဆိုးတာ...ပီးတော့ ကျွန်တော့်သိက္ခာလဲကျတယ် ...Jin Hyungပြောသလို သူ့ကို တရားဆွဲချင်တယ်...ဒါပေမဲ့ V hyungသဘောပါ ...."

ဟမ် ဘာဆိုင်လို့ ငါ့ဘက်လှည့်လာတာလဲ၊ ငါ့ကိုလုပ်တာမှ မဟုတ်တာ၊ မသိရင်ငါပဲ လူဆိုးလုပ်ရမလို ၊ အခုကိစ္စမှာ Jungkook မမှားမှန်းသိလို့ စိတ်မဆိုးတော့တာကသပ်သပ်၊ ကိုယ်မသိအောင်သွားလို့ ဒီလိုဖြစ်ရပ်ဖြစ်ရတာမို့ စိတ်ကတော့ ကောက်နေသေးသည်။

"ငါနဲ့ဘာဆိုင်လို့လဲ .... မင်းကိစ္စ မင်းဘာသာဆုံးဖြတ်"

" အဲတာဆို တရားဆွဲလိုက်မယ်"

Your Eyes Tell (Complete)Uni+ZawGDonde viven las historias. Descúbrelo ahora