Chapter (1)

301 47 0
                                    

Unicode

"အခုမင်းပြောသလိုသာဆိုရင် marketing budgetက အရမ်းမြင့်သွားမှာ။ အဲ့အတွက်ရော ဘယ်လိုဖြေရှင်းမယ်စဥ်းစားလဲ"

လော်ယွင်ရှီးရဲ့စကားသံအဆုံး အစည်းဝေးခန်းက တိတ်ဆိတ်သွားပြန်သည်။ projectorရှေ့မှာရပ်နေတဲ့ လူငယ်လေးခမျာ ချွေးတွေထွက်ပြီးတုန်ယင်နေပြီ။ သူအလုပ်ခွင်ဝင်တာသိပ်မကြာသေးတာမို့ CEOရှေ့စကားမပြောဖူးသေး teamကလဲ ဒါကြောင့်သူ့ကိုဒီနေရာပို့လိုက်တာပင်။ ဘယ်သူမှCEO လော်ယွင်ရှီးနဲ့ထိပ်တိုက်မတွေ့လိုကြ။

"budgetပမာဏကမြင့်တယ်ဆိုပေမယ့်လဲ ဒါကသိပ်မများတဲ့ရာခိုင်နှုန်း..."

"5%ကမများဘူးပေါ့လေ တိတိကျကျပြောရရင် 5.3%လောက် မင်းတို့teamဘယ်လိုဖြစ်နေတာလဲ။ ပစ္စည်းကစျေးကွက်ထဲမကြာခင်ရောက်တော့မှာလေ"

လော်ယွင်ရှီးအသံကမြင့်သထက် မြင့်လာတာနဲ့အမျှ အခန်းထဲကလူတွေခမျာ အသက်တောင်ရဲရဲမရှူဝံ့တော့ပေ။

"ပစ္စည်းတန်ဖိုးကိုစျေးမြင့်ဖို့ဆုံးဖြတ်ထားပါတယ်၊ brandedမို့%နဲနဲလောက်စျေးပိုသွားတာနဲ့ဝယ်လိုအားတွေကျမသွားပါဘူး marketingရဲ့အသုံးစရိတ်နဲ့ အဲ့ကရတဲ့အကျိုးတွေပြန်ကာမိမှာပါ"

project teamရဲ့ခေါင်းဆောင်ဖြစ်သူဝင်ပြောတော့မှအခြေနေတွေ ပြန်တည်ငြိမ်သွားတော့သည်။

လူတိုင်းက အစည်းဝေးခန်းထဲကထွက်မှသာ အသက်ဝဝရှူရတော့သည်။

"CEOကတနေ့တခြားကြောက်ဖို့ကောင်းလာလိုက်တာ။ သူတစ်ခါတစ်ခါအော်ရင် ပြောစရာစကားတွေပျောက်ဆုံးတယ်"

"omegaမို့လို့သာပဲ ငါတို့မှာနေစရာကိုမရှိဘူး"

လော်ယွင်ရှီး ရုံးခန်းထဲရောက်တော့necktieကိုအနည်းငယ်ဖြေချလိုက်သည်။ လုပ်ငန်းတစ်ခုလုံးကိုကြီးကြပ်နေရသူမို့ စိတ်ဖိစီးမှုတွေကနေရာပေါင်းစုံက ဝင်လာသည်။

ဒေါက် ဒေါက်

"ယွင်ရှီး ငါပါ"

"ဝင်ခဲ့ပါ"

အခန်းထဲကို ဝင်လာတဲ့သူက လုကျားရှင်း။ သူမက groupရဲ့ဒုတိယ ရှယ်ယာအများဆုံးသူဖြစ်ပြီး လော်ယွင်ရှီးရဲ့အခင်ဆုံးသူငယ်ချင်းပင်။

My Alpha is a Giant BabyWhere stories live. Discover now