Chapter (4)

259 41 2
                                    

Unicode

သုံးရက်တာပတ်သက်မှုအပြီးမှာတော့ လော်ယွင်ရှီးဆိုတဲ့ထိုလူသားဟာ ချန်ဖေးယွီရဲ့ဘဝထဲကနေ လှလှပပပျောက်ကွယ်သွားတော့သည်။
သုံးရက်ပြီးတဲ့နောက်နေ့ ချန်ဖေးယွီနိုးလာတဲ့အချိန် လော်ယွင်ရှီးကမရှိတော့ Hotelအခန်းခတွေပါရှင်းပေးသွားပြီး သူ့ကိုနှုတ်တောင်ဆက်မသွားခဲ့။ ဒါကချန်ဖေးယွီအရင်partnerတွေကို ပြုမူခဲ့တဲ့ပုံစံမျိုးပင်။

သုံးရက်တာပတ်သက်ဆက်နွယ်မှုနဲ့လော်ယွင်ရှီးဆိုတာ ချန်ဖေးယွီထံအိမ်မက်တစ်ခုပမာ ကျန်ရစ်သည်။



ချန်ဖေးယွီနဲ့ရှောင်ရှင်း နှစ်ယောက်လုံးက စကော်လာတစ်ခုကိုစောင့်မျှော်နေကြတာ။ နှစ်ယောက်လုံးရမယ်ဆိုတာလဲ ခန့်မှန်းပြီးသား။ ချန်ဖေးယွီ အိမ်ကထွက်လာတည်းက သူ့ဘဝသူဖန်တီးပြီးသူနဲ့သက်ဆိုင်တဲ့နေရာမှာပဲ နေဖို့ဆုံးဖြတ်ထားသည်။

ချန်အိမ်ရဲ့အပယ်ခံသားနဲ့ ဒုတိယမိန်းမရဲ့သမီးအနေနဲ့ အဖိနှိပ်ခံရှောင်ရှင်းတို့က ကျောင်းမှာအတော်ကိုနီးစပ်ရင်းနှီးကြသည်။
ရှောင်ရှင်းဆိုတာ လှပပြီးသိမ်မွေ့နူးညံ့တဲ့ တစ်ချိန်တည်းမှာပဲ စိတ်ဓာတ်မာကျောပြတ်သားတဲ့omegaအမျိုးသမီး။
ရှောင်ရှင်းတစ်ခါကပြောဖူးသည် သူမကိုနားလည်ဆုံးသူက ချန်ဖေးယွီ ဟု။ ချန်ဖေးယွီက သူမရဲ့စိတ်အားငယ်မှုနဲ့မလုံခြုံမှု ဖိနှိပ်ခံရမှုတွေအတွက် အားကိုးချင်စရာအကောင်းဆုံး သူငယ်ချင်းဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်လုံး စကော်လာနဲ့နိုင်ငံခြားမှာကျောင်းဆက်တက်မည်။ နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်တွေရော သွားမယ့်လမ်းရော အတူတူ။ စိတ်တူကိုယ်တူနဲ့ သူတို့ကြားမှာ ကတိတွေ သံယောဇဉ်တွေအများကြီးရှိသည်။

ထို့ကြောင့် လော်ယွင်ရှီးသူ့ကိုတောင်းဆိုလာတုန်းက ငြင်းခဲ့လိုက်တာ။ ဒါပေမယ့်လည်း သူလော်ယွင်ရှီးဆီမှာ ကျဆုံးခဲ့တာပါပဲ။ နောက်ထပ်တစ်ပတ်လောက်ထိ စိတ်ထဲမှာ လော်ယွင်ရှီးပုံရိပ်တို့က ခေါင်းထဲတဝဲလည်လည်ကျန်ရစ်ခဲ့တုန်း။

ပိုင်ဆိုင်ခွင့်ရရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးဝင်မိတဲ့အထိ။

My Alpha is a Giant BabyDonde viven las historias. Descúbrelo ahora