Chapter (6)

369 43 6
                                    

Unicode



အိမ်မက်တစ်စက်မှမမက်တဲ့ အိပ်စက်ခြင်းအရှည်ကြီးနောက်မှာ လော်ယွင်ရှီးမျက်လုံးတို့ပွင့်လာသည်။ ရှင်းလင်းပြီးအဖြူရောင်များတဲ့ အခန်းတစ်ခုရယ် သူဝတ်ထားတဲ့အင်္ကျီ အဖြူနဲ့အပြာစင်း နောက်ပြီး သူ့လက်ကပိုက်တန်းလန်း။ လော်ယွင်ရှီးဆေးရုံကအခန်းတစ်ခုမှာ နိုးထလာခြင်းဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။

သူနောက်ဆုံးမှတ်မိတာ သူချန်ဖေးယွီရဲ့ရှေ့မှာတင်မေ့လဲသွားတယ်ဆိုတာပဲ။ မနေ့ညကသောက်တာများသွားလို့လား stressတွေကြောင့်လား ဝမ်ကျန်းဖန်ကြောင့် သူဒေါသထွက်လွန်းတာကြောင့်လား ဘာဖြစ်လို့ မေ့လဲရတဲ့ထိဖြစ်သွားလဲ မသိတော့။

သူနိုးလာပြီး ခဏအကြာမှာ အခန်းထဲကို လုကျားရှင်းဝင်လာသည်။ ကုတင်ပေါ်မှာထထိုင်နေပြီဖြစ်တဲ့ ယွင်ရှီးဘေးနားကို ကျားရှင်းကဝင်ထိုင်ရင်း စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့ ယွင်ရှီးကိုကြည့်တယ်။

"သက်သာရဲ့လားယွင်ရှီး"

"အင်း သက်သာပါတယ်"

"နေသာရဲ့လားဟင် တစ်ခုခုမအီမသာဖြစ်တာမျိုးမရှိဘူးမလား"

"မရှိပါဘူး"

ယွင်ရှီးလက်ကို ခပ်ဖွဖွကိုင်လို့ စိုးရိမ်နေတဲ့ လုကျားရှင်းရဲ့မျက်လုံးတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဘာရောဂါ ကြီးကြီးမားမားဖြစ်သလဲလို့ တွေးပူသွားမိတယ်။

"ငါဘာဖြစ်တာလဲဟင် ဆရာဝန်ကဘာပြောလို့လဲ"

ထိုမေးခွန်းကိုမေးတော့ ကျားရှင်းက မျက်လွှာကိုချတယ်။ ပြီးမှတစ်ခုခုကို ဆုံးဖြတ်ချက်ချပြီးတဲ့ပုံစံနဲ့ ယွင်ရှီးကိုပြန်ဖြေတယ်။

"ကိုယ်ဝန်ရှိနေတာ"

"ဘာ...."


"ယွင်ရှီး နင်ကိုယ်ဝန်ရှိနေတာ"

ဒုတိယအကြိမ် သေချာတဲ့အဖြေအောက်မှာ ယွင်ရှီးအသိစိတ်တို့ ခေတ္တခဏတော့ချာချာလည်သွားတယ်။ ကိုယ်ဝန်.... ယွင်ရှီးမှာလေ ကိုယ်ဝန်ရှိနေတယ်။

"ချန်ဖေးယွီကလေး ဟုတ်တယ်မလား"

တကယ်တော့ မေးနေစရာတောင်မလိုပါချေ။ ကျားရှင်းရော သူရောနှစ်ယောက်လုံးသေချာသိနေပြီပဲ။ ဒီနှစ်တွေအတွင်းမှာ ချန်ဖေးယွီနဲ့ပဲ ပတ်သက်ဖူးတာ။ ဒါပေမယ့် ကိုယ်ဝန်ရှိသွားလောက်တဲ့ထိတော့ ယွင်ရှီးမမျှော်လင့်ထားပါ သူတို့နှစ်ယောက်ကတွဲခဲ့ကြတာတောင်မဟုတ်ဘူးလေ။

You've reached the end of published parts.

⏰ Last updated: Jul 06, 2021 ⏰

Add this story to your Library to get notified about new parts!

My Alpha is a Giant BabyWhere stories live. Discover now