ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ကောင်မလေး
ကြောင့်Jisoo မျက်မှန်ကိုချွတ်ကာစားပွဲပေါ်
တင်လိုက်ပြီးသူမကျောလေးကိုခပ်ဖွဖွပွတ်ပေးရင်း"ဘာဖြစ်လို့လဲJendeuk"
"ဗိုက်အောင့်တယ်.."
"နေ့လည်စာမစားခဲ့ရဘူးလား"
"ဟင့်အင်း..အဲ့ဒါကြောင့်မဟုတ်ဘူး"
နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက်
ဘာကြောင့်လဲဆိုတာJisoo သိလိုက်တာကြောင့်
ပခုံးပေါ်မေးတင်ကာမိမိလည်တိုင်ကိုဖက်တွယ်
ထားတဲ့ကောင်မလေးရဲ့လက်တွေကိုဖြုတ်လိုက်
ပြီး"သက်သာသွားအောင်Chu လုပ်ပေးမယ်"
"လက်လေးနဲ့ပွတ်ပေးလို့မရဘူးလား"
ပြောလဲပြောလက်ကလဲမိမိလက်ကိုဆွဲယူကာ
သူမဗိုက်ပေါ်တင်ပေးလာတော့
Jisoo အင်္ကျီအောက်ထဲလက်လျှိုဝင်လိုက်ပြီး
သူမဗိုက်သားလေးကိုဖွဖွလေးပွတ်ပေးနေလိုက်
သည်
Jendeuk ခေါင်းကမိမိပုခုံးနှင့်လည်တိုင်ကြား
မှာမှီထားပြီးပေါင်ပေါ်မှာတင်ပလွှဲထိုင်နေသည်
ထို့ကြောင့်အားနေသောဘယ်လက်ဖြင့်သူမပြုတ်
မကျအောင်ဖက်ထားလိုက်ရသည်
ဒီပုံစံအတိုင်းသာဆိုလျှင်သူမအိပ်ပျော်သွားမှ
အလုပ်ဆက်လုပ်ရမည့်ပုံပေါ်တာကြောင့်
အာရုံကိုသူမဆီမှာသာအကုန်ပို့ထားလိုက်ပြီး"ဒီရက်ပိုင်းစိတ်ဖိစီးမှုတွေအရမ်းများနေတယ်
မလား""အင်း...အရမ်းပင်ပန်းတာပဲ"
"Jendeuk ရဲ့လက်တလော
အလုပ်တွေပြီးရင်တစ်နေရာရာကိုအပန်းဖြေခရီး
ထွက်ရအောင်"Chu ဆီကမျှော်လင့်မထားမိတဲ့စကားကိုကြား
လိုက်ရတာကြောင့်သူမပုခုံးပေါ်မှီထားတဲ့
ခေါင်းလေးဆက်ခနဲထောင်လာပြီး"Chu တကယ်ပြောတာနော်"
"ညာနေတယ်ထင်လို့လား"
"မထင်ပါဘူး....
အခုလိုမျိုးတစ်ခါမှChu ဆီကမကြားဖူးလို့ပါ
Jen ပြောခဲ့တုန်းကတောင် Chu ကမအားလို့ဘယ်
တုန်းကနှစ်ယောက်ထဲအေးအေးဆေးဆေးခရီးထွက်
ခဲ့ရလို့လဲ""အဲ့ဒါကြောင့်Chu ကအချိန်ပေးမလို့လေ"
Jen သူမကိုနှုတ်ခမ်းလေးစူကာကြည့်ရင်း
ခေါင်းညိတ်ပြလိုက်သည်
Jen လိုလူထက်ပင်အလုပ်ရှုပ်လွန်းသောချစ်သူ
ကိုပိုင်ဆိုင်ထားရတာဖြစ်သည်