two

851 100 16
                                    

Jen တို့ သူငယ်ချင်းတစ်သိုက်ကော်ဖီဆိုင်ထဲဝင်
လာပြီးအသီးသီးသောက်စရာမှာပြီးနောက်
ထိုင်ခုံမှာဝင်ထိုင်ကြသည်
အကလေ့ကျင့်ပြီးနောက်အိမ်မပြန်ခင်အချိန်ရတုန်း
Entertainment နှင့်နီးတဲ့ကော်ဖီဆိုင်မှာ
ကော်ဖီသောက်ရန်ထွက်လာကြခြင်းဖြစ်သည်
သူတို့အုပ်စုစကားပြောနေကြရင်းအဖွဲ့ထဲက
တစ်ယောက်မှဆိုင်ရဲ့​ထောင့်ဆုံးဝိုင်းမှာထိုင်နေ
တဲ့အုပ်စုကိုအကြည့်ရောက်သွားပြီး
အချင်းချင်းလက်တို့ကာ

"ထောင့်ဆုံးဝိုင်းကအဖွဲ့ကိုကြည့်လေးလုံးအုပ်စု"

Jen တို့သူပြတဲ့နေရာကိုကြည့်လိုက်တော့
တစ်ဖွဲ့လုံးပါဝါမျက်မှန်တပ်ထားသောကြောင့်
လေးလုံးအုပ်စုလို့ပြောမှန်းသိလိုက်ရသည်
တစ်ယောက်ချင်းစီတိုင်းရဲ့ရှေ့မှာစာအုပ်တွေ
အပုံလိုက်တင်ထားပြီးခေါင်းချင်းဆိုင်ကာ
တစ်ခုခုကိုဆွေးနွေးနေကြဟန်ပင်

"ဟဲ့...ငါတို့ နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့နှစ်
ယောက်ကတော့ချောချောလေးတွေနော်"

"အေးဟ.... ဟုတ်တယ်"

မျက်နှာချင်းဆိုင်ထိုင်နေသည်ကယောက်ျား
လေးနှစ်ယောက်ဖြစ်တာကြောင့်
အဖွဲ့ထဲကမိန်းကလေးတွေငေးနေရင်းတီးတိုး
ပြောဆိုနေကြသည်
မိမိတို့ကိုကျောခိုင်းထိုင်နေတဲ့မိန်းကလေးနှစ်
ယောက်မျက်နှာကိုတော့သေချာမမြင်ရ
အတွင်းဘက်ခြမ်းမှာထိုင်နေတဲ့တစ်ယောက်
ကိုကျန်တဲ့သုံးယောက်ကသေချာကြည့်နေပြီး
သူမပြောသမျှကိုခေါင်းတညိတ်ညိတ်နှင့်
နားထောင်နေသည်
Jen လဲဘာရယ်မဟုတ်ထိုဝိုင်းကိုကြည့်နေမိ
သည်
ဘေးကသူငယ်ချင်းတွေကတော့အခုထိကောင်
လေးတွေချောကြောင်းပြောလို့မပြီးနိုင်သေး
ထို့ပြင်သေချာမမြင်ရတဲ့ကောင်မလေးနှစ်
ယောက်အကြောင်းပင်အတင်းပြောနေကြသေး
သည်

"ကောင်လေးတွေကချောနေရင်သူတို့ဘေး
မှာတွေ့ရတတ်တဲ့ကောင်မလေးအများစုက
မချောကြဘူး"

"အဲ့စကားကိုငါထောက်ခံတယ်
တော်တော်များများတွေ့ဖူးတယ်နော်"

"တက္ကသိုလ်ကျောင်းသားတွေဖြစ်မယ်ဟ
ငါတို့ထက်အသက်ကြီးပုံပဲ"

Let me love youWhere stories live. Discover now