မျက်စိရှေ့ကချစ်ရသူကိုငေးကြည့်ရင်း
အရင်ကအချိန်တွေကိုလွမ်းမိတယ်
ကျမရင်ထဲအချစ်တစ်ခုစတင်ပေါက်ဖွား
လာခဲ့တဲ့အချိန်ပေါ့
သူနဲ့စတွေ့ခဲ့တဲ့အချိန်
သူ့ကိုစပြီးအရူးအမူးစွဲလမ်းမိခဲ့တဲ့အချိန်
အခုချိန်ထိလဲအဲ့အချိန်တုန်းကလိုရူးသွပ်နေရဆဲပါ
Training တစ်ဖက်နဲ့တောင်သူ့နောက်ကို
အချိန်ရရင်ရသလိုတကောက်ကောက်လိုက်ခဲ့တာ
တွေ
သူ့ကျောင်းထိလိုက်ပြီးခိုးကြည့်ခဲ့ရတဲ့နေ့ရက်တွေ
သူ့ကိုဘယ်လောက်ချစ်ကြောင်းသီချင်းတွေရေး
ဖြစ်ခဲ့တာပါမကျန်
အရာရာတိုင်းကမနေ့တနေ့ကလိုပင်အသစ်အတိုင်း
လက်ဆက်နေဆဲပြန်တွေးမိတိုင်းရင်ခုန်နေရစမြဲ
သူ့အကြည့်တွေနဲ့ဆုံမိတိုင်းရင်ခုန်နေတုန်းပဲ
သူ့ အပြုံးတွေကိုဟိုအရင်ကလိုကြိုက်မိနေတုန်းပဲ
သူ့မျက်နှာလေးငေးကြည့်နေရတာကိုပျော်ရွှင်မိ
နေတုန်းပဲ
သေချာပါတယ်သူနဲ့ပတ်သက်တဲ့ဒီခံစားချက်တွေ
ဟာကျမဆီမှာဘယ်တော့မှပျောက်ကွယ်သွားမှာ
မဟုတ်ဘူးဆိုတာကျမသတ္တိရှိရှိပြောရဲတာပေါ့
ဒီလူသားနဲ့ဆုံတွေ့ခွင့်ပေးခဲ့တဲ့ဘုရားသခင်ကိုလဲ
ကျေးဇူးတင်မိတယ်
အပိုဆုအနေနဲ့ပိုင်ဆိုင်ခွင့်ပါပေးခဲ့တာကြောင့်
အတိုင်းထက်အလွန်ပျော်ရွှင်မိပါတယ်
ကျမအတိတ်ကိုပြန်တွေးပြီးကြည်နူးနေတုန်း
သူမကကျမပါးလေးနှစ်ဖက်ကိုဖျစ်ပြီး"ပြီးသွားပြီJen ကြိုက်ရဲ့လားကြည့်ပါဦး"
လက်သည်းနီဆိုးပေးပြီးသွားတာကြောင့်သူမ
ကကျမကိုမော့ပြီးမေးလာခြင်းပင်
ကျမလဲSchedule တွေမရှိတဲ့အချိန်သူလဲဂျူတီ
နားတဲ့အချိန်မျိုးဆိုအိမ်မှာပဲအတူနားရင်း
အချိန်ကုန်လေ့ရှိတယ်"အရမ်းကြိုက်တာပေါ့Chu လုပ်ပေးရင်
ဘာမဆိုအကုန်ကြိုက်တယ်""အကဲလေးကတော့.."
သူ့မျက်နှာချောချောကိုတစိမ့်စိမ့်ကြည့်ကာ
ပြန်ဖြေတော့ထုံးစံအတိုင်းသူကရှက်သွား
ပြီးကျမအကြည့်တွေကိုရှောင်လွှဲသွားတယ်
ရှင်တို့သိအောင်ကျမပြောပြဦးမယ်
အဲ့ရေခဲတုန်းလိုလူရဲ့အချစ်ကိုကျမဘယ်လို
ရအောင်ယူခဲ့လဲဆိုတဲ့အကြောင်းတွေကိုပေါ့😉