မှိုပွင့်လေး

3.1K 438 26
                                    

Unicode

တောင်ကြားချိုင့်ဝှမ်းလေးက စတင်တိုက်ခတ်လာတဲ့နွေဦးလေပြေက ပတ်၀န်းကျင်ကို အနွေးဓာတ်လွှမ်းခြုံစေသည်။ နေ၀င်ရီတရောအချိန်မှာ ဖြူဖွေးနူးညံ့တဲ့တိမ်တိုက်တွေက မိုးဖွားလေးတွေကို ပက်ဖြန်ပေးသည်။ နောက်တစ်နေ့မနက်မှာတော့ မှိုပွင့်လေးဟာ သူ့ရဲ့ကိုယ်ကို ဆန့်ထုတ်ရင်း နိုးထလာပါတော့သည်။

မှိုပွင့်လေးဟာ သူ့ရဲ့ခြေထောက်ကလေးကို လူးလွန့်ခါယမ်းလိုက်ရင်း ပေါက်စီလေးလို ဖြူဖြူဖွေးဖွေးကိုယ်လုံးလေးကို (မြေကြီးထဲကနေ)ခုံးတက်စေလိုက်သည်။

ဟုတ်တယ် ဒီနှစ်လည်းမနှစ်ကလိုပဲ ကွေးလို့ဆန့်လို့ကောင်းတယ်! လူတွေစားကြတဲ့ တို့ဟူးဆိုတဲ့ဟာတောင် ဒီလောက်နူးညံ့မှာမဟုတ်ဘူး!

မှိုပွင့်လေးက သူ့ရဲ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။

ဒီနှစ်တော့ သူကနေရာအသစ်ကို ‌ထပ်ရောက်သွားရုံတင်မကဘူး သူ့ရဲ့အိမ်နီးချင်းကလည်း အရမ်းကြီးတာပဲ။ မှိုပွင့်လေးက အိမ်နီးချင်းရဲ့ ခေါင်းထိပ်ကိုတောင် မမြင်ရဘူး!

အိမ်နီးချင်းအကြီးကြီးက ခေါင်းပြောင်ကြီး။

မှိုပွင့်လေးက (ထိုအိမ်နီးချင်းကြီး) နိုးပြီလားမသိပါ။ မှိုပွင့်လေးက မြေကြီးကို သူ့ရဲ့ခြေထောက်လေးနဲ့ ထိုးကြည့်လိုက်တော့ အမြစ်ကိုတွေ့သည်။ ထိုအိမ်နီးချင်းကိုနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီး

" ဟယ်လို ကျွန်တော်က ခုမှရောက်တဲ့ မှိုပွင့်လေးပါ "


ဘာမှမတုံ့ပြန်။ မှိုပွင့်လေးက အခုထိအိပ်မက်မက်နေဆဲဖြစ်တဲ့ အိမ်နီးချင်းအသစ်ကို အနှောင့်အယှက်များပေးမိသွားလား။

မှိုပွင့်လေးဟာ သူ့ရဲ့ခြေထောက်ကို စိတ်လှုပ်ရှားစွာ ပြန်ဆုတ်ပြီး ခဏစောင့်နေသည်။ မိုးမခင်ပင်အကြီးကြီးဆီက ဘာတုံ့ပြန်မှုမှမရှိ‌သေး။

အမ် ဒီအိမ်နီးချင်းအသစ်က နည်းနည်းနောက်ကျမှ ထတဲ့သူပဲ!

မှိုပွင့်လေး( One Shot Burmese Translation )Where stories live. Discover now