"ကျင်းရီ ရိပေါ်ရောက်နေပီလာ”
"ဟုတ်အကို သခင်ကြီး ရောက်လာပီ”
ကျန်းချန်းလဲ ခေါင်းတချက်ညိတ်လိုက်ကာ ရုံးခန်းထဲကိုဝင်သွားတော့သည်
"ရိပေါ် ”
ရိပေါ်လဲ အသံလာရာဆီတချက်ကြည့်လိုက်ပီ လုပ်လက်စအလုပ်ကို ပြန်လုပ်နေသည်
"အစောကြီးရောက်လာတာ...ကိစ္စရှိလို့လာ”
"အေး...မင်းဖုန်းပိတ်ထားလို့ ငါ့ ဒီထိလိုက်လာရတာ”
ရိပေါ်လဲ စာပွဲဘေးမှာ အားသွင်းထားသောဖုန်းကို ကျန်းချန်းကို ပြပေးလိုက်တယ်
"ဖုန်းအားကုန်းနေတာလာ”
"အေး”
"ဝဲ့...ဝမ်သခင်ကြီး ပုံမှန်ဆို မင်းဖုန်းအားကုန်တဲ့အထိ မသုံးပါဘူး အခုမှဘယ်လိုတွေဖြစ်လို့”
"ညက ကလေးနဲ့ တညလုံးဖုန်းပြောနေတာ..အားသွင်းဖို့မေ့သွားတယ်”
ကျန်းချန်းလဲ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် စာပွဲပေါ်ထိုင်ချလိုက်ပီ မျက်စောင်းတချက်ထိုးလိုက်ကာ အသံတိုးတိုးလေးနဲ့
"ရည်းစားတောင်မဖြစ်သေးဘူး ဖြစ်ပျက်နေလိုက်တာ”
"ဒါတွေ မင်း နာမလည်ဘူး”
"အေးပါကျေးဇူးရှင်... ငါမှာတော့ အလုပ်တွေးပုံနေလို့ ရည်းစားထားချိန်တောင်မရတာ မင်းတို့က သာယာနေလိုက်”
ရိပေါ်လဲ လုပ်လက်စ စာရင်ကို တချက်ရပ်လိုက်ပီ ကျန်းချန်းကို တချက်ကြည့်ကာ
"မင်းအဖြစ်မရှိတာ ထည့်ပြောအုံး”
"မင်း... တော်ပါပီ မင်းနဲ့စကားမများခြင်းဘူး အေး ပြောနိုင်တုန်း ပြောထားအုံးပေါ့ ”
"ကိစ္စရှိလာ”
"အေး လာရင်ကိစ္စမေ့မလို့ဘဲ... တပတ်ခါ အမေရိကန်ကိုသွားရမယ်... ငါပြောထားတာ မှတ်မိသေးလာ အစည်းဝေးရှိတာလေး”
"အေး”
"မင်းသွားမှရမယ်နော်...ငါတို့အခုလုပ်နေတဲ့ ပရောဂျက်နဲ့လဲ ဆိုင်နေတယ်”
"ငါ သိတယ်”
"ပီတော့ အစည်းဝေးကို GE company က အခုဆက်ခံနေတဲ့ လီကျွမ်းကျွမ်းလဲ တက်မယ်လို့ ကြားတယ်”
YOU ARE READING
💝ဦးရဲ့အချွဲလေး💝🔥(Completed)🌼
Fanfiction✍🏻ကိုယ်ပိုင်စိတ်ကူးဖြစ် ရေးသာသည်💌 မုန်းတိုင်းမပါတဲ့ အချိုလေးပါ 🤗 ✍🏻ကိုယ်ပိုင်စိတ်ကူးဖြစ် ရေးသာသည်💌 မုန်းတိုင်းမပါတဲ့ အချိုလေးပါ 🤗