ဖေဖေမရှိတော့တာ ၁ ပတ်ပြည့်ရက်လည်ပြီးသည့်နောက် ပန်းသွေး၏တာဝန်မှာ ဖေဖေ၏နေရာကိုတာဝန်ယူရမည်သည်၊ ထို့ကြောင့် တာဝန်ပေါင်းများစွာသူမပုခုံးပေါ်ကျရောက်လာသည်၊ ဒီရက်ပိုင်း အိမ်ကို သူမအကိုပြန်မလာသော်လဲ အကိုဖြစ်သူထက်ကောင်းကင်၏ သတင်းကတော့သူမဆီ မြတ်သူမှသတင်းပို့သဖြင့် စိတ်ချစွာနေခဲ့သည်။
ဖခင်၏အရိပ်မရှိတော့သော သူမတို့အိမ်သည် အတော်လေးပင်တိတ်ဆိတ်လှသည်၊ အလုပ်သွားရန် အဝတ်အစားအပြည့်အစုံပြင်ဆင်ပြီးအောက်ထက်ဆင်းလာတော့ သူမအတွက် မနတ်စာကိုစီစီဉ်ပေးထားသဖြင့် မနတ်စာဝင်စားနေတုန်း အိမ်ရှေ့ကနေ ကားစက်သံကြားသဖြင့် သောက်လက်စနွားနို့ခွက်ကိုချထားလိုက်ပြီး ကြည့်မိတော့ အရင်လိုသန့်သန့်ပြန့်ပြန်မဟုတ်ပဲ မှုတ်ဆိတ်မွှေးတစ်ချို့ကြောင့်ကော မပြင်မဆင်ထားသည်ကြောင့်ကော အနည်းငယ်ရုပ်ရှင့်နေပုံပေါ်သည့် သူမအကို။
သူမကိုမြင်တော့ဘာစကားတစ်ခွန်းမှမဆိုပဲ သူ့အခန်းကိုသွားဖို့လုပ်တော့ သူမလဲ စားပွဲမှထပြီး ထက်ကောင်းကင် အနားသွားပြီး သက်ပြင်းချလေသည်။
"ဘယ်တော့အလုပ်ပြန်တက်မှာလဲ ကိုထက်"
"ဘာလဲ ငါအလုပ်မလာရင် မင်းကအာဏာသုံးပြီးငါ့ကိုကောအလုပ်ဖြုတ်ဦးမလို့လား"
"ကိုထက်ကြိုက်သလိုထင်လို့ရတယ် ဒါပေမဲ့ ကိုထက်အပြုအမှုတွေက ဖေဖေ့သိက္ခာကိုထိခိုက်နေလို့ပြောနေတာ.."ထက်ကောင်းကင်မှာ ဘာတစ်ခွန်းမှမပြောတော့ပါပဲ ထိုနေရာကနေထွက်ပြီး အိမ်ပေါ်တက်လာခဲ့သည် ထို့ပြင် ပန်းသွေးဘက်က ပြောသည့်စကားမျာကိုအိမ်ပေါ်တက်လာသည့်တစ်လျောက်ကြားနေရသည်။
"မနတ်ဖြန် ကိုထက်အလုပ်ပြန်ဝင်ပါ ဖေဖေ့ကို အဖေတစ်ယောက်လိုသဘောထားသေးရင်ပေါ့"
တကယ်ဆို သူမလဲ ကိုထက်ကိုထိုကဲ့သို့မပြောချင် သို့ပေမဲ့ အကိုဖြစ်သူလုပ်နေသည့်အပြုအမှုများကအဆင်မပြေလှပါ ကိုထက်ရည်းစား မမလဲ့ ကိုလဲဖုန်းဆက်ပြီး ကိုထက်ကိုထိန်းဖိုပြောရအုန်းမည်၊ ရုံးသွားရမည့်အချိန်ရောက်နေပြီဖြစ်သောကြောင့် သူမလက်ကိုင်အိတ်ကို သူမကိုလာကြိုသည့် အတွင်းရေးမှုးမလေးကသယ်ထားပြီး အိမ်ပေါ်ကိုတစ်ချက်လှည့်ကြည့်ကာ အလုပ်သွားရန်ထွက်လာခဲ့သည်။
YOU ARE READING
RomanceG x G (OC) -Drama x Romance- About - Love and Hate,Family