1(UC)
3.5K 123 0
- ၁၉၉၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်လောက်၌ ရာသီဥတုမှာ ပုံမှန်မဟုတ်ပါပဲ အပြင်းအထန်ပင်မိုးများရွာသွန်းလေသည်။ ထို့ပြင် ထိုကဲ့သို့ရာသီဥတုဆိုးနေသော်လဲ ရှမ်းပြည်နယ်မြောက်ပိုင်း တောင်တက်ကားလမ်းနေရာ၌ မှောင်ကြီးမဲကြီးထဲ ကားမီးရောင်ကိုသာအားပြု၍ ခရီးနှင်နေရသည့် ကားပေါ်၌ပါလာသော လူနှစ်ဦးသည် ထိုဆိုးရွားသည့်ရာသီဥတုကို အံတုကာ ခရီးနှင်နေလေသည်။
"အား...အကို မရောက်သေးဘူးလားအကိုရယ် မိ ဗိုက်အရမ်းနာနေပြီအကိုရဲ့ မိ ထင်တာ ရေမွှာများပေါက်ပြီလားမသိဘူး"
"ခဏလေးသည်းခံပါ မိ ရယ် အကိုလဲ ဆေးရုံဆေးခန်းလေးရှာနေပါတယ် အခုချိန် ကားထိုးရပ်လိုက်ရင် အကိုတို့ရဲ့ ခလေးဘဝအတွက်အကိုစိုးရိမ်မိလို့ပါနော် အကိုလဲ ကြိုးစားရှာနေပါတယ် မိ ရယ်"
မိ ဟူသည့် အမျိုးသမီးသည် အသက်အရွယ်အရ ၃၀ ကျော်ဖြစ်သော်လဲ ထိုခေတ်ထိုကာလက ကာလအမျိုးသမီးများကဲ့သို့ပင် ချောမောလှပသည်ကိုမှ သူမ၏ အသားအရည်ဝင်းဝါဆိုပြေမှုနှင့် သက်သက်ရပ်ရပ်ဝတ်စားထားပုံက ပို၍ပင်အလှဆင်ထားသကဲ့သို့။
မိ ဟူသော အမျိုးသမီး၏ ယောကျာ်းသည်လဲ ဖြူသည်မဟုတ်သော်လဲ အသားအရည်စိုပြေကာ ယောကျ်ားတစ်ယောက်၌ ရှိသင့်ရှိထိုက်သောအင်္ဂါရပ်များနှင့်ပင်။
"မိ..မိ..ဟိုမှာကြည့်စမ်း တောင်ပေါ် ဆေးခန်းလားမသိဘူး မိ အကိုတို့ အဲ့ကိုဝင်ပြီး မေးစမ်းကြည့်ရင် အကိုတို့အတွက် မျော်လင့်ချက်ရှိကောင်းနိုင်မယ်ထင်တယ်"
"အကို့..သဘော အကို မိ ကတော့ ဆက်ပြီးသည်းခံနိုင်တော့မယ်မထင်ဘူး မိ တို့ခလေးကို မိ စိတ်ပူတယ်"
နေ့စေ့လစေ့ကြီးနှင့် ဘယ်အမျိုးသမီးမှ ဝေးလံသောခရီးသွားမည်မဟုတ် သို့သော် သူမတို့ အခြေအနေက ထိုကဲ့သို့အဆင်ပြေချောမွေ့နေလှသည်မဟုတ်။
ထိုအမျိုးသားသည် သူမောင်းနှင်လာသည့်ကားကိုပင် သူတွေ့ရှိသော အလင်းနေရာ၌ ဖြစ်သလိုပင်ထိုးထားခဲ့ကာ သူ၏ မိန်းမဖြစ်သူကို ပွေ့ချီ၍ ဆေးခန်းငယ်ဟုထင်ရသောနေရာသို့လျင်မြန်သောအနှုန်းဖြင့် ပြေးလေသည် ဗိုက်ကြီးသည်အမျိုးသမီးတစ်ဦးကိုပွေ့ချီလာမြင်ရသော ခလေးငယ်တစ်ဦးက သူ၏နောက်၌ရှိသော အခန်းငယ်ထဲကိုဝင်သွားလေပြီး ပြန်ထွက်လာတော့ ထိုခလေးငယ်နောက်၌ လူရေသန့် ယောကျ်ားတစ်ဦးနှင့် မိန်းခလေးတစ်ဦးမှာ အသဲအသန် သူ၏ အနားသို့ပြေးလာကျသည်။