13(UC)
1K 56 0
သီတင်းကျွတ်လပြည့်နေ့ဖြစ်၍ Hotel promotion များလဲရှိသည်ဖြစ်ရာ ခရီးသွားအားလပ်ရက်ကြောင့်ရန်ကုန်ဟိုတယ်အပါအဝင်တစ်ခြားသောမြို့နယ်များမှဟိုတယ်များလဲအလုပ်ရှုပ်ရသည့်နေ့ရက်များဖြစိလေသည်။
မမစိမ်းလဲ့ ကိုယ်ဝန်မှာ တနေ့တနေ့ဗိုက်ကလေးကဆူထွက်လာသည်၊ တစ်ချို့ကလဲ သားဦးလေးဖြစ်နိုင်သည်ဟုပြောကျသေးသည်၊ တရားစခန်းမှနေ မမစိမ်းလဲ့၏အဒေါ်လဲ မမစိမ်လဲ့အနားပြန်ရောက်နေပြီး ကိုထက်ကလဲအနားကမခွာ ထို့ကြောင့် ကုမ္ပဏီ အလုပ်များကိုသူတစ်ယောက်ထဲ ကြီးကြပ်နေရသည့်အခြေအနေ။
"ဒီနေ့ ဟိုတယ်မှာအရင်ကထပ်လူများတယ်နော် လုံခြုံရေးကိုကော သန့်ရှင်းမှုကိုပါအဓိကဦးစားပေးဂရုစိုက်စေချင်တယ်"
"ဟုတ်ကဲ့မမ"
"ပန်းသွေး Toilet ခဏသွားလိုက်အုန်းမယ် ပြန်လာရင် kitchen ဘက်ခဏသွားကြည့်ရအောင်"
မနတ်အိမ်ကထွက်လာကထဲက ဗိုက်ကအောင့်ချင်နေသလိုဖြစ်နေသည်၊ အရင်လ period ပြီးသွားသည့်နေ့ကိုအလုပ်များနေသည်နှင့်သတိမထားမိလေတော့ အခုရက်ကြီး period on တော့မှာလားဟုစိတ်ထဲတွေးလိုက်မိသည်။
ထိုပြင် ဒီရက်ပိုင်းအလုပ်ပင်ပန်းသွား၍ သွေးပေါင်ကျနေသည့်အလားတစ်ကိုယ်လုံးမူးပြာနေချင်သဖွယ်။
Toilet ထဲကအထွက်မှာ တစ်ဖတ်စင်္ကြန်လမ်းမှလာနေသည့်အနတ်ရောင်ဦးထုပ်ဆောင်းထားသူနှင့်အမှတ်မထင်တိုက်မိခဲ့သည်၊ သူမသတိမထားမိလိုက်ခင်မှာပဲ ညာဘက်ဝမ်းဗိုက်နား၌ပူနွေးမှုအသိကိုရလိုက်သည်၊ သို့သော်ထိုအသိကနောက်ကျခဲ့ပြီဖြစ်ရာ သူမမျက်ဝန်းထဲနောက်ဆုံးမြင်လိုက်ရသည်ကား သူမထံအပြေးလာနေသည့် နေဝန်း၏ပုံရိပ်ယောင်လေးပင်။
အိပ်ယာမှနိုးလာသကဲ့သို့ ဖျတ်ဖျတ်လတ်လတ်မဟုတ်ခဲ့ပေမဲ့ မျက်ဝန်းများဦးစွာပွင့်လာသည့်နောက်မှာပထမဆုံမြင်ကွင်းသည် အလင်းရောင်ပင်၊ ထို့နောက်မှ အိပ်ဆေးအရှိန်ကြောင့်ခေါင်းမူးရိပ်ရိပ်ဖြစ်နေပေမဲ့ ဘေးဘယ်ညာလှည့်ကြည့်သည့်အခါ ကိုကိုနှင့်နေဝန်းအပြင်မြတ်သူလဲရှိနေခဲ့သည်။
"ပန်းသွေး သတိရလာပြီလား ချက်ချင်းကြီးမထလိုက်နဲ့အုန်းနော် ခွဲခန်းကထွက်လာတာမကြာသေးတော့ နာနေအုန်းမှာ"