အခန်း (၅၅) အခန္း (၅၅)

1.4K 336 44
                                    

[Unicode]

တုန်းဖန်းချင်းချန်းဘက်မှ သစ်ခွပန်းလေးအပေါ် သူမည်သည်မျှမလုပ်ခဲ့ပါဟုဆိုပါသော်လည်း ဤနှစ်ရက်အတွင်း သစ်ခွပန်းလေးဟာ ပိုမို၍အိပ်ရေးပျက်လို့လာခဲ့သည်။

အိပ်မက်တစ်ခုသာ မဟုတ်တော့ဘဲ အမျိုးသမီးတစ်ဦးအသံက သူမအား ခေါ်လို့နေလေသည်။ "သစ်ခွပန်းနတ်သမီးလေး၊ သစ်ခွပန်းနတ်သမီးလေး"

အိပ်ရာထဲ၌ သူမနိုးနေသေးသည့်အချိန်တွင်ပင် အမြဲတစေ နူးညံ့သိမ်မွေ့စွာလှမ်းခေါ်နေတတ်သည့် အသံတစ်သံကို သစ်ခွပန်းလေးနားထဲကြားနေရလေ၏။ "သစ်ခွပန်းလေး..." အသံကပိုမိုကြည်လင်ပြတ်သားလာကာ အစစ်နှင့်ပိုတူလာသည်။

ထိုအသံဟာ သူမသခင်သူမအား ယခင်ကခေါ်ခဲ့ဖူးသည့်ပုံနှင့်သွားတူနေလျက် ထူးထူးဆန်းဆန်းကြီးဖြစ်နေလေသည်။

သို့သော် ဤနေရာကား မိစ္ဆာလောကတွင်ဖြစ်လျက် တုန်းဖန်းချင်းချန်းတစ်ယောက် သူ့တန်ခိုးအစွမ်းများကိုစုစည်းလျက်ဖန်တီးထားသော တော်ဝင်နန်းတော်ကြီးထဲတွင် ဖြစ်လေသည်။ သရဲမဆိုလေနှင့်၊ ယမမင်းပင်လျှင် ဤဇီဝိန်ခြွေဟန်တို့လွှမ်းခြုံနေသောနန်းတော်ကြီးအနားသို့ ကပ်လာလိုမည် မဟုတ်ပါ။

တတိယမြောက်နေ့တွင် သစ်ခွပန်းလေးတစ်ယောက် သူမမျက်လုံးများမှိတ်လိုက်ရုံရှိသေး ထိုအသံထွက်ပေါ်လို့လာပြန်သည်။ သူမ အလွန်အမင်းသည်းညည်းမခံနိုင်တော့သည့်အဆုံး တုန်းဖန်းချင်းချန်းကို သွားရှာရန် ခြုံစောင်ကိုမလိုက်လေတော့၏။ သူ့အနေဖြင့် သူမကို မုန်းတီးနေလျက် နေ့အချိန်တစ်ချိန်လုံး ဆူပူပြောဆိုနေပါစေဦးတော့၊ ညဘက်တွင် သူမအိပ်စက်မည့်အရေးမှ အကြောင်းမဲ့လိုက်လံတားဆီးနေလို့ မရသေးပါ။

ဒါကြီးက တကယ်ကို အနိုင်လိုက်ကျင့်နေတာပဲ။

သို့သော် သူမညာလက်ဖြင့် စောင်ကိုလှပ်ရန်ဟန်ပြင်လိုက်ချိန်တွင် လက်ကြီးလှုပ်လို့မရတော့ကြောင်း သစ်ခွပန်းလေးရုတ်တရက်တွေ့ရှိသွားလေသည်။

သူမမျက်လုံးများကို ဖွင့်ပစ်လိုက်လိုသော်လည်း မျက်ခွံပေါ်တွင် ပေါင်ပေါင်းထောင်ချီနေအောင်လေးလံသည့် ကြောက်ခမန်းလိလိသံတုံးကြီး ချိတ်ဆွဲခံထားရသည့်အလားပင်။ သူမခမျာ မည်မျှအားသွန်ခွန်စိုက်ကြိုးပမ်းနေစေကာမူ နိုးထလို့မရဘဲဖြစ်နေရှာသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now