မှေးကနဲအိပ်ပျော်သွားရာမှလန့်နိုးလာကာ နာရီကြည့်လိုက်တော့ 2 နာရီအတိ ။ မတက်နိုင်တွေ့ကရာကောက်ဆွဲပီးရှိတာဆွဲထည့်မှပဲရတော့မည်။ ဟိုလူကြီးနဲ့ချိန်းထားတာနောက်ကျလို့မဖြစ်။
"မှတ်ပုံတင်... ဓာတ်မီး ... သွားတိုက်ဆေး... သွားပွတ်တံ....တဘက်...နာရီ...ဦးထုပ်...ဟာ ချီးထဲမှပဲ အရေးကြီးရင်ဘယ်ရောက်ရောက်သွားမှန်းမသိဘူး အခုလဲ ဦးထုပ်ပျောက်နေပြန်ပီ.... ဟိုအကျီ်ကလဲခုနလေးတင်ဒီနားထားလိုက်တာလေ... ဟာဘယ်မှာလဲကွာ.. အော်...မျက်နှာသစ်.မျက်နှာသစ် အမလေးကျန်ခဲ့တော့မလို့ အား...ရေမွှေးရေမွှေး မေ့လို့မဖစ်ဘူး ရေမချိုးဖစ်ရင်ဒုက္ခ... သေတော့မှာပဲ အရေးကြီးတာ ပိုက်ဆံအိတ်..... ယူသာယူလာရတယ် အဲ့ထဲမှာဘယ်လောက်ပါမှန်းလဲမသိ "
မျက်နှာသစ်နဲ့ lubricant မှားထည့်လာတာကိုတော့တစ်ယောက်သောသူမသိလိုက် ။
ချိန်းထားတဲ့နေရာကိုရောက်တော့မနက် 2 နာရီ 45 မိနစ် သေချာတယ်ခုချိန်လောက်ဆိုဟိုလူကြီးနှာကစ်နေလောက်ပီ ။
" ဝင့် လာပီလားနဲနဲတောင်စောနေသလားလို့ "
" ခင်ဗျားကြီးကျွန်တော့်စကားနဲ့လာရွဲမနေနဲ့ "
" ဘာတွေလုပ်လို့ဒီလောက်တောင်ကြာနေရတာတုန်းကွ "
" ခုမှအိတ်ပြင်ရလို့ဟေ့... ညနေကခင်ဗျားနဲ့တွေ့ပီးရေချိုးထမင်းစားနေတာနဲ့ ကိုးနာရီခွဲရော မအိပ်ချင်သေးတာနဲ့ ရုပ်ရှင်ထိုင်ကြည့်နေတာ 1 နာရီခွဲသွားတယ် အိပ်ပျော်သွားတာနဲ့ alarm လဲမပေးမိ "
💭ရေပါမချိုးဖစ်သည်ကိုတော့ထည့်မပြောဖြစ်💭
" မင်းကတော့လေဖစ်ရမယ် သွားရောတိုက်လားရဲ့လား "
" တိုက်လာပါတယ်ဗျ ရေပါချိုးလာတယ် မယုံရင် လာရှုကြည့် "
ပထမဆုံးမုသား.... မလိမ်ချင်သော်လဲ အထင်သေးမခံနိုင် ။
နမ်းရှုပ်ကြည့်ချင်သော်လဲ စိတ်ကခွင့်မပြု ဒီထက်ပိုလွန်သွားမည်ဖစ်သောကိုယ့်အခြေနေကိုသိသောကြောင့်ငြင်းလိုက်မိသည် ။
" ယုံပါတယ်ဗျာ မနေ့ကပြောတော့မိုးလားကဲလားနောက်ကျရင်ထားခဲ့မှာလေးဘာလေးနဲ့ "
YOU ARE READING
💙 Because of u ❤
Storie d'amoreဒီက ကောင်ကမင်းခြေရင်းမှာတစ်သက်လုံးခစားမှာမို့ကိုယ့်ကိုဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ... ငယ် 💙