Part 2

267 31 2
                                    

"What! No way father"

နန်းတော်တစ်ခွင်ပြဲပြဲစင်အောင်အော်လိုက်သူကတော့တခြားသူမဟုတ်မင်းသမီးAlexaပင်။

မင်းသမီးAlexaသည်ရုပ်ကလေးနဲ့မလိုက်အလွန်အသံပြဲသည်။သူ့ရဲ့ခမည်းတော်မင်းကြီးအလိုလိုက်ထားတာလည်းပါသည်။

မင်းသမီးAlexaရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ဟာအလွန်ကိုသွယ်လျလှသည်။အမြဲချစ်ဖို့ကောင်းနေသည်။

သို့ပေမယ့်မင်းသမီးAlexaကိုနူးနူးညံ့ညံ့နေတတ်တဲ့မိန်းကလေးလို့ထင်ရင်.............အကြီးအကျယ်မှားမှာပေါ့။သူမဟာမင်းသားတို့တတ်အပ်တဲ့ဆင်စီးမြင်းစီးဓားလှံတို့ကိုတစ်ဖက်ကမ်းကျွန်းသည့်အပြင်မင်းသမီးတို့တတ်အပ်သည့်အချက်အပြုတ် ဇာထိုးပန်းထိုး စသည်တို့ကိုလည်းပြောစရာမလိုအောင်တတ်ကျွမ်းလှသည်။

Alexaဟာပန်းရောင်ကိုသဘောကျတတ်သူဖြစ်တယ်။သူမရဲ့ဝတ်ရုံတော်တွေအကုန်လုံးကိုပန်းရောင်သာချုပ်လေ့ရှိတယ်။

"Alexa!"

"ဟုတ်တယ်လေ ခမည်းတော်ကလည်း သမီးမှNegaverseကိုမသွားချင်တာ"

"Why?"

"ကြောက်လို့"

"ဟင်??"

"ဘုရင်မAriana,မင်းသမီးကြီးMirrorနဲ့မင်းသမီးငယ်Meraကိုကြောက်လို့ပါဆို"

"ကြောက်ရာမလိုပါဘူးAlexaရဲ့ သူတို့ကသူစိမ်းမှမဟုတ်တာ သမီးရဲ့မယ်တော်နဲ့အမတော်တွေပဲမဟုတ်လား"

"ဘာပဲပြောပြောကြောက်တယ်"

"သမီးတော်တစ်ယောက်တည်းသွားရမှာမဟုတ်ပါဘူး"

"ဟင် ဘယ်....ဘယ်သူတွေလိုက်မှာလဲ"

"မင်းသမီးRachelနဲ့မင်းသမီးSeliaတို့ပါမယ်"

"Rachelပါမယ်!!!"

Rachelဆိုတဲ့အသံကြားတာနဲ့Alexaတစ်ယောက်မျက်လုံးတွေပြူးသွားရတဲ့အကြောင်းအရင်းကတော့မင်းသမီးRachelဟာသူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေလို့ပင်။

မင်းသမီးRachelနဲ့Alexaဟာညီအစ်မတွေလိုငယ်ငယ်လေးကတည်းကခင်မင်ရင်းနှီးခဲ့ကြသူမို့ဘယ်ကိစ္စမဆိုတစ်ယောက်နှင့်တစ်ယောက်တိုင်ပင်ကာလုပ်သည်။

BLACK THRONEWhere stories live. Discover now