Marinaတစ်ယောက် စပျစ်wineခွက်လေးကိုင်ကာ ယောင်သလိုလို ကြောင်သလိုလို အရူးကွက်နင်းပြီး နန်းတော်ထဲက မှတ်တမ်းတွေထားတဲ့ အခန်းကိုရောက်လာခဲ့တယ်။
သူမသိချင်တဲ့ အရာတွေကို စာရွက်စာတမ်းတွေထဲမှာရှာနေရင်း
#ဘုတ်#
စာအုပ်ပြုတ်ကျသံတစ်ခုကို ကြားလိုက်ရတယ်။
အသံကြားကြားချင်း သူမဟာ ယူဆောင်လာတဲ့ဆံထိုးကိုထုတ်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပြင်ေနတုန်း
"အမလေး"
ထိုလူက သူ့ကိုမြင်မြင်ချင်း အော်ပါလေရော
Marina*ဟင် ဒီအသံကြားဖူးတယ်*
သေချာကြည့်လိုက်မှ
"Rachel?"
"ဘာလဲ သတ်မလို့လား ငါ့ကို"
"မင်းကသာ သေချင်နေတာလား ဘာကိစ္စလဲ"
"စစ်သူကြီးSam အသက်ရှင်နေသေးတယ်"
"အသက်ရှင်နေသေးတယ်??? ဘယ်လိုကဘယ်လို"
"အဲ့တာအမတော်Alexaက ချက်ချင်း ပြန်လာခဲ့တဲ့"
"ဒါကို ဟိုဟာကို ဘယ်သူရှာမှာလဲ"
"နောက်မှကြည့်စီစဥ်ကြတာပေါ့ လာသွားမယ် အမတော်Mirrorကိုလည်း သွားခေါ်ရဦးမယ်"
"အင် အင်"
____________________________
Mirrorတစ်ယောက် တံခါးနောက်နားလေးမှာ ကွယ်နေပြီး Felixနဲ့ ဘယ်သူမှန်းမသိတဲ့ သူနှစ်ယောက် စကားပြောနေတာကို ခိုးနားထောင်နေတယ်။
"အမတော်"
Mirror*အမတော်??*
ထိုအမျိုးသမီးရဲ့ စကားကိုကြားမှ Felixဟာ သူ့မှာအစ်ကိုတစ်ယောက် အစ်မတစ်ယောက် ရှိတယ်လို့ပြောဖူးတာကို သတိရသွားတယ်
"တွေ့ပြီလား"
"မတွေ့သေးပါဘူး"
"Felix မင်းအလုပ်ကိုဘယ်လိုလုပ်နေတာလဲ ဟမ်"
"ကျွန်တော်......."
"မှတ်ထားပါ မင်းတို့ညီအစ်ကိုနှစ်ယောက်က အကြီးဆုံးဖြစ်တဲ့ ငါ့စကား ငါ့လမ်းညွှန်ချက်ကိုပဲ လိုက်နာရမှာ"

YOU ARE READING
BLACK THRONE
Historical Fictionidol x oc Main Female Caracters Alexa (@jinmiar) Mera (@LifeCycle7) Mirror (Me) Rachel(@Bak_Yerin16) Selia (@MoeMyat06) Main Male Caracters Min Yoongi Jung Wooyoung Lee Felix