Part 15

126 27 9
                                    

ဒီနေ့ဟာSeliaကိုသဂြိုလ်တဲ့နေ့

သူမတို့မင်းသမီးတွေအပြင်နန်းတော်ထဲကမှူးမတ်တွေကနေနန်းတွင်းသူနန်းတွင်းသားတွေအထိအနက်ရောင်ဝတ်စုံကိုဝတ်ကာSeliaရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးနေကြတယ်

အကုန်လုံးဟာမျက်နှာသိပ်မကောင်းကြပေမယ့်ဘယ်သူမှမငိုကြပါဘူး

အခုတော့Seliaကိုသဂြိုလ်လို့ပြီးသွားပြီ

Alexa:Next time for daughterဆိုတာတကယ်ပဲကို Seliaပြီးရင်ညီမတော်ပဲနဲ့တူတယ် ညီမတော်အလှည့်ကျရင်Selia လိုငိုမယ့်သူမရှိမှာစိုးတယ်

Mirror:ဒါကမင်းသမီးတိုင်းကြုံတွေ့ရတဲ့အဖြစ်အပျက်ပဲ တော်ဝင်မိသားစုတွေတိုင်းပေါ့ အဲ့လောက်ကြီးစိတ်မညစ်ပါနဲ့ ငါတို့တောင် မယ်တော့် ဇာပန မှာပဲ ငိုကြတာမဟုတ်လား ငိုပေးမယ့်လူလိုချင်ရင်တော့ ကလေးမွေးပေါ့

Mirrorရဲ့ခပ်ရွဲ့ရွဲ့စကားကြောင့် Alexaပြုံးမိသွားရပါတယ်

တကယ်ပဲSeliaကိုသူသတ်လိုက်တာလား
ဘာလို့သူတို့မိသားစုအပေါ်အငြိုးထာနေလဲဆိုတာAlexaတစ်ယောက်အလွန့်အလွန်သိချင်လှသည်။

______________________

Meraတစ်ယောက်တည်းနန်းတော်အပြင်မှာလမ်းထွက်လျှောက်ရင်း

"Hi"

ကြားလိုက်ရတဲ့အသံခပ်နက်နက်ကြောင့်Meraရုတ်တရက်လန့်သွားတယ်

*ဘယ်သူပါလိမ့် Graciasအသံကအဲ့လောက်မနက်ဘူး*

အသံလာရာကိုလှည့်ကြည့်လိုက်တော့

အနက်ရောင်ဝတ်ရုံကိုခေါင်းထိလုံအောင်ခြုံထားပြီးဓားမြှောင်တစ်ချောင်းကိုကိုင်ထားသူ

"မင်းဘယ်သူလဲ သတ္တိရှိရင်မျက်နှာပြစမ်း"

Meraရဲ့စကားလည်းအဆုံးထိုသူရဲ့ဓားမြှောင်လည်းMeraရဲ့ဝမ်းဗိုက်ကိုထိုးဖောက်သွားလေတယ်

"အ.....အ....မင်း.....မင်း..ဘယ်.....သူ..."

Meraရဲ့မေးခွန်းကြောင့်ထိုသူဟာ

"သေတော့မယ့်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့််ဆည်းပေးရမှာပေါ့"

ပြောပြီးထိုသူဟာသူ့ရဲ့အနက်ရောင်ဝတ်ရုံကိုဖယ်လိုက်တယ်။

BLACK THRONETempat cerita menjadi hidup. Temukan sekarang