💕ငှက်ကလေးလို💕
မရွှင်လန်းသည့်ကိုကို့မျက်နှာအား ခပ်လှမ်းလှမ်းကနေသာ ဂျောင်ဆူးငေးကြည့်နေဖြစ်သည်။
သွားနှုတ်ဆက်ချင်သော်လည်း မရဲတာမို့ ဒီအတိုင်းသာရပ်နေမိသည်။ရုတ်တရက်ဂျောင်ဆူးရှိရာ အကြည့်ရောက်လာသည့်ကိုကို့ကြောင့် ကြောက်စိတ်ကတစ်ဟုန်ထိုးမြင့်လာရသည်။
"ငယ်"ဆိုသည့် ကိုကို့အသံကိုကြားမိသည့်အဆုံး ဂျောင်းဆူးပြေးထွက်လာမိတော့သည်။
ခြေထောက်ဒဏ်ရာကြီးနဲ့ကိုကိုဟာ ဂျောင်ဆူးနောက်ကိုပြေးလိုက်လို့လာသည်။ကိုကို့အားတားနေတဲ့ ဂျုံအင်hyungအသံကိုရော
ဂျောင်ဆူးကို မပြေးဖို့ပြောတဲ့ ဆယ်ဟွန်းအသံကိုရော လျစ်လျူရှုမိသည်။"hyung ဖြေးဖြေးသွားပါ လမ်းပေါ်မှာအန္တရာယ်များတယ်"
"hyungကြောက်တယ် ဟွန်းလေး"
"ငယ်……ပြန်လာပါ
ကိုယ်တောင်းပန်ပါတယ် ကိုယ့်အနားပြန်လာပါ""ချန်းယောလ် ရပ်လိုက်လို့"
~ဒုန်း~
အားလုံးရပ်တန့်သွားပြီ။
လမ်းပေါ်ကိုသွားလာနေတဲ့ကားတချို့ရော။
ချန်းယောလ်ကိုတားရင်းအမှီလိုက်နေတဲ့ဂျုံအင်ရော။
အဝေးဆုံးပြေးဖို့ကြိုးစားနေတဲ့ ဂျောင်လေးရော။"ချန်း……ချန်းယောလ်"
ဂျုံအင်မျက်လုံးတွေပင်ပြာဝေသွားရသည်။
အသိစိတ်မရှိလိုက်တာပတ်ချန်းယောလ်ရယ်။
ဘယ်လိုရူးကြောင်ကြောင်အတွေးနဲ့များ ဒီလိုအလုပ်မျိုးကိုလုပ်နိုင်ရတာတဲ့လဲ။"ကိုကို……ကိုကို……"
"ဟင့် မဟုတ်ဘူး …ကိုကို အဲ့လိုမဟုတ်ဘူးနော်"
"ဟွန်းလေး ကယ်ပါအုံး ကိုကို့ကိုကယ်ကြပါအုံး
ဂျုံအင်hyung ကယ်ပေးပါ"ဂျောင်ဆူးအရူးလိုအော်ရင်းသာ ရပ်နေမိသည်။
ကိုကို့ကိုလဲသွားမထိရဲခဲ့ဘူး။
ဟင့်အင်း မမြင်ရက်နိုင်လို့။
လမ်းပေါ်မှာလဲကျပြီး အောက်ပိုင်းတစ်ခုလုံးကားအောက်ရောက်နေတဲ့ ကိုကို့ကို မကြည့်နိုင်လို့။
ငယ်ကပဲ……ငယ်ကပဲထွက်သွားချင်မိတာမို့ ကိုကိုကတော့ ဒီလိုထားသွားလို့မရဘူးနော်။