❣️ငှက်ကလေးလို❣️
"ကိုကို………"
ခေါ်တဲ့သူကဂျောင်ဆူးဖြစ်သော်လည်း ကိုကို့မျက်လုံးအကြည့်က ဂျောင်ဆူးစီမဟုတ်ခဲ့။
"ဟွန်းလေး"
"hyung နေမကောင်းဘူးဆို"
ဆယ်ဟွန်းက ဂျောင်ဆူးနားကနေ ကိုကို့ခုတင်နားတိုးသွားသည်။
ဂျုံအင်hyungက ဂျောင်ဆူးကို လှည့်ကြည့်လာတာမို့ ခေါင်းငြိမ့်ကာအဆင်ပြေကြောင်းပြလိုက်သည်။"အင်း အခုတော့သက်သာနေပြီ
ဟွန်းလေး ကိုရီးယားကိုဘယ်လိုရောက်နေတာလဲ
ရီဖန်လိုက်ပို့တာလား""ကျနော်ကျောင်းလာတက်တာhyungရဲ့"
"ဟုတ်လား ဒါဆိုhyungအိမ်မှာလာနေနော်
အခုဘယ်မှာနေတာလဲ""ဂျုံအင်hyungနဲ့နေတာ
သူနဲ့အဆင်ပြေတယ် hyungအိမ်ကိုမလာတော့ပါဘူး
အားမှလာလည်မယ်……အာ ဒါနဲ့ ဂျောင်ဆူးhyungက hyungယောကျာ်းဆို""အင်း ဂျုံအင်ကတော့ အဲ့လိုပြောတာပဲ
ဟွန်းလေးက hyungကိုစိတ်ဆိုးနေလား""မဆိုးပါဘူးhyungရဲ့ ဘာစိတ်ဆိုးစရာရှိလို့လဲ
ပြီးတော့ဂျောင်ဆူးhyungက ကျနော်နဲ့ခင်တဲ့သူပဲ
hyungက ဂရုစိုက်ပေးရမယ်နော်""အင်……ဟွန်းလေးနဲ့အဲ့အကောင်သေးသေးလေးက
ဘယ်တုန်းသိသွားကြတာလဲ hyungတောင်သူ့ကိုအခုမှသိတာလေ""ဘယ်လိုလုပ်သိတာလဲဆိုတော့ကျောင်းမှာခင်သွားတာ
hyungရဲ့အချစ်သည်းလေးမှန်းတောင်တန်းမသိဘူးလေ""ဟွန်းလေးကလဲ မဟုတ်လောက်ပါဘူး
hyungက ဟွန်းလေးနဲ့လက်ထပ်မှာပါဆို""ကျနော်က hyungကိုချစ်တယ်လေ
အဲ့ဒါက အကိုလိုချစ်တာ ကျနော်ငယ်ငယ်ကပြောခဲ့တာလဲအဲ့အတိုင်းပဲလေ ပြီးတော့ ကျနော့်မှာချစ်သူရှိတယ်hyungရဲ့""ချစ်သူ……ဘယ်သူလဲဟွန်းလေး
hyungကိုမညာနဲ့နော် ဟွန်းလေးမလိမ်တက်တာ hyungသိတယ်""မလိမ်ပါဘူးhyungရဲ့တကယ်ပါ
ဒီမှာလေ ကျနော့်ချစ်သူ""ဟင်……"
လက်ကိုဆုပ်ကိုင်ကာ ကျနော့်ချစ်သူဟုပြောလိုက်သည့်ဟွန်းလေးကြောင့် ဂျုံအင်ကြောင်သွားရသည်။
ဂျောင်လေးဆိုတာလဲ မျက်လုံးတွေပြူးလို့။
ချန်းယောလ်ဆို ခုတင်ပေါ်ကနေ ပါးစပ်အဟောင်းသားနဲ့ ဂျုံအင့်ကိုကြည့်နေသည်။