ဇာတ္ေကာင္မ်ား/ဇာတ်ကောင်များ

3.9K 42 1
                                    

Unicode

ရှန်အော်ဒီလွန်

အရပ်၆ပေ၇လက်မရှိပြီးအညိုရောင်ဆံပင်၊ကြေးနီ ရောင်အသားရည်၊အစိမ်းရင့်ရောင်မျက်ဝန်းတွေနဲ့ ဟေဒန်လူမျိုးအုပ်ချုပ်တဲ့အယ်လ်ဖာရဲ့သားဖြစ်ပြီး ချောမောခန့်ညားတဲ့လူငယ်တစ်ယောက်။ သူကလူမျိုးစုရဲ့နောက်တက်မယ့်အယ်ဖာဖြစ်ပြီး အတိုက်အခိုက်မှာတစ်ဖက်ကမ်းခတ်ထူးချွန်သူဖြစ် ကာ သမန်းဝံပုလွေမျိုးနွယ်တွေကြားမှာလဲ နာမည်ကြီးသည်။ဒါ့ကြောင့်သူ့ကိုရန်စရဲသူမရှိပါ။သူ့ကို ယောက်ျားနှစ်ယောက်ကမွေးဖွားခဲ့တာ ဖြစ်သည်။ သူ့အဖေက ဟောရပ်စ်အော်ဒီလွန် (အယ်လ်ဖာ) ဖြစ်ပြီး နဲ့သူ့ဒယ်ဒီ(မွေးအဖေ) ကဆမ်အော်ဒီလွန်..(ဘီတာ)ဖြစ်သည်။ ရှန်ကလိင်တူစိတ်ဝင်စားသူဖြစ်သည်။ သူ့အသက် ၁၃နှစ်သူ့ဦးလေးသတ်ခံလိုက် ရတဲ့အချိန်မှာသား သမီး မရှိ တဲ့သူ့ အဒေါ်ကိုသနားသဖြင့်သူ့ အဒေါ်နဲ့အက်တလန်ယာမှာသွားနေ ပေးခဲ့ပြီး သူ့အသက် ၁၈နှစ်ပြည့်တောမယ့်ချိန်မှာ တော့မျိုးနွယ်စု ဆီကိုပြန်လာစေခဲ့တာဖြစ်သည်။ ဘာလို့လဲဆိုရင် သူ့၁၈ နှစ်မြောက်မွေးနေ့ မှာသူ့မိတ်(ကြင်ဖော်)ရလာတော့မှာဖြစ်သည်။

လွမ်ရော့စ်

အရပ်၅ပေ၇လက်မဖြစ်ကာ၊ဆံပင်အနက်၊ ဖြူသော အသားအရည်နဲ့ ပင်လယ်ပြာရောင်မျက်ဝန်း တွေရှိသည်။ သူကသမန်းဝံပုလွေမျိုးနွယ်က အိုမီဂါ တစ်ယောက်ဖြစ် ပြီးဘုံဂျင်နီတောအုပ်ကြီးအလယ် ကဟေဒန် လူမျိုးတွေနေထိုင်ရာအရပ် မှာကြီးပြင်း ခဲ့တယ်။ ဟေဒန်လူမျိုးတွေကသမန်းဝံပုလွေဖြစ်ပြီး အင်အားတောင့်တင်းတဲ့မျိုးနွယ်စုတစ်ခုဖြစ်တယ်။ ဟေဒန်လူမျိုးစု ခေါင်းဆောင်အယ်ဖာက အကြင် နာတရားရှိပြီးမျှတသူ ဖြစ်တာမို့ဒီနေရာက နေချင် စရာကောင်းတဲ့နေရာပဲ ဒီနေရာမှာအိုမီဂါတွေ ကိုနှိမ်ချ ဆက်ဆံတာတွေမရှိဘူး။ လိင်တူစိတ်ဝင် စားသူဖြစ်သည်။ သေးငယ်သောခန္ဓာကိုယ်၊ ပျော့ပြောင်းသော ကိုယ်ဟန်ရှိပြီးရှက်တက်တဲ့ လူငယ်လေးဖြစ်တယ်။

သူ့မှာလက်တွဲဖော်ရှိလာမှာသူစိုးရိမ်သည်။ ဘာလို့လဲဆိုရင်ဝံပုလွေမျိုးနွယ်မှာမှသူကသေး ငယ် ပုညှက်ပြီးချောမောမှုလဲမရှိတဲ့သူဖြစ်တော့ သူ့လက်တွဲဖော်ကသူ့ကိုလက်မခံနိုင်မှာစိုးလို့ဖြစ်သည်။ ဘယ်သူကသူ့လိုပျောညံ့ညံ့ကောင်လေးကိုလက်တွဲချင်ပါ့မလဲ။ ဒါ့ကြောင့်မျိုးနွယ်စုကအယ်ဖာတွေ ၁၈နှစ်ပြည့်တော့မယ့်အချိန်တိုင်းသူထိတ်လန့်ခဲ့ သလိုသူ့အသက်ကလဲ၁၈ နှစ်ပြည့်တော့မှာဖြစ် သည်။

(+18)My Naughty WolfWhere stories live. Discover now