Unicode
"ရှန့်ညနေလှုပ်ရှားဖို့ရှိတယ်ဆို"
"အင်း..မနေ့ကအေရန်တောအုပ်ဘက်မှာလှုပ်ရှားမှုတွေ့တယ်ပြောတယ်..."
"အေရန်တောင်ကုန်း..?"
"အင်း...အဲဒိ့ဘက်မှာပုန်ကန်သူအချို့ဖြတ်သွားတဲ့အနံ့ရှိတယ်ပြောတယ်..သွားကြည့်မလို့"
"ဘယ်သူတွေထပ်ခေါ်အုန်းမလဲ"
"မခေါ်တော့ဘူး..ငါတို့ပဲသွားမယ်..ထောက်လှမ်းရုံလောက်ပဲသိပ်တော့ပြသနာမရှိလောက်..သူတို့က ဖြတ်သွားတာလား..မကြာခဏလာနေတာလားသိချင်တာ..."
ဟိဒ်မျက်ဝန်းတွေတောက်ပသွားသည်။ ဟိဒ်ကခုတလောတိုက်ခိုက်ချင်တာလက်ကိုယား ေ နတာပဲ..။
"အင်း..သွားကြတာပေါ့..တွေ့ကြသေးတာပေ့ါ.. ဘယ်ကိုလာချောင်းချင်နေတာလဲ"
သူကလက်သီးလက်မောင်းတန်းပြောနေတာကို ကြည့်ပြီးရှန်ကခေါင်းခါလိုက်သည်။ ဒီသူငယ်ချင်း က စိတ်မမှန်အမြဲအပြောင်းအလဲမြန်သူဖြစ်သည်။ သူကတစ်ခါတစ်လေစာပေ၊ကဗျာအနုပညာတွေ စိတ်ဝင်စားပြီး ၊ တစ်ခါတစ်လေတိုက်ခိုက်ရေးမှ တိုက်ခိုက်ရေး၊ တစ်ခါတစ်လေအချက်အပြုတ်နဲ့ အစားအသောက် ဖြစ်နိုင်တာကသူကချစ်သူတစ် ယောက်ပြောင်းတိုင်းသူ့စိတ်ဝင်စားမှုကပြောင်းလဲနေတက်သည်။ အခုလဲသူ့ကိုသူဘယ်သူ့ရှေ့မှာဟိတ်ဟန်တွေပြ ချင်နေလဲတော့သူလဲမသိဘူး..။
×××××
ညနေ ၄နာရီ ..
လွမ်ကကျောင်းကပြန်ရောက်လာပြီးတော့သူဒီနေ့ပိုးစာဆောင်ဘက်ကိုသွားကြည့်ဖို့ပြင်ဆင်ထားသည်။မနေ့ညကရွှေပိုးအချို့အသစ်ထပ်မွေးတယ်ဆိုလို့သူသွားကြည့်ချင်သည်။ လွမ်ကအသက် ၈နှစ် ထဲကပိုးမွေးမြူရေးကိုစိတ်ဝင်တစားသင်ယူလာတာမို့အခုသူက၁၇နှစ်ကျော်လောက်ပဲရှိပေမယ့်ပိုးမွေး မြူရေး၊သားဖောက်ရေး၊ပိုးချည်ထုတ်လုပ်ရေးတွေကိုကောင်းစွာရင်းနှီးနေပြီဖြစ်သည်။
သူတို့မျိုးနွယ်စုအဖွဲ့ကြီးရဲ့တည်ဆောက်ပုံကရှင်းလင်းသေသပ်သည်။ ဒီမှာအုပ်ချုပ်သူအယ်လ်ဖာ ရဲ့စံ အိမ်တော်၊ မျိုးနွယ်စုဆေးရုံငယ်တစ်ခု၊မိသားစု အိမ်တော်တွေနဲ့အရွယ်ရောက်လာတဲ့လူငယ်တွေ အတွက်သီးသန့်အဆောင်တွေထားထားပေးသည်။ ပြီးတော့နောက်ဘက်မှာပိုးချည်ထုတ်လုပ်ရေး၊ သူ့နောက်မှာသစ်တောထွက်ပစ္စည်းကုန်သွယ် ဖလှယ်ရေးအလုပ်ရုံများစွာရှိပြီးနောက်ဆုံးဒီရန် တောင်ကုန်းတွေကပိုးမွေးမြူရေးအလုပ်ရုံတွေထိ ကျယ်ပြန့်သည်။
YOU ARE READING
(+18)My Naughty Wolf
Genel Kurgu**This is not mine..i just love to read it and share it via myanmar language. All Credit to Orginal Author. And the Photo is not mine.. take it form internet. Warning : 🔞18 + Adult Only🔞 COO : 34 Chapter (complete) Author: Zhuewmore ++++++++++++...