Part (28)

3.8K 175 9
                                    

ဘွဲ့ယူပြီးသွားတော့....

Li- "ငယ်..ငယ့်ပါးပါးတို့နဲ့ပဲပြန်လိုက်နော် ကိုကိုသွားစရာလေးရှိသေးလို့"

Jen- "ငယ်လည်းလိုက်မယ်လေ..ကိုကိုကလည်းး"

Li- "ကိုကိုက အရင်ကျောင်းပြောင်းတက်တုန်းကဆရာတွေနဲ့သွားတွေ့ရမှာ သူတို့ခေါ်ထားလို့
ငယ်ကလိမ်မာပါတယ်‌..နော်😁"

Jen-"ပြီးရော် ‌ပြီးရော်..မဟုတ်တာတွေတော့လုပ်မလာနဲ့.."

Li- "ငယ်ကလည်းဆရာတွေနဲ့သွားတွေ့တာပါဆို ဘာမဟုတ်တာလုပ်စရာရှိမှာလဲ...."

Jen- "အင်းပါ ထားတော့..ဒါနဲ့ဘယ်အချိန်ပြန်လာမှာလဲ"

Li- "ည 7 နာရီလောက်ငယ်....အော် ပြောဖို့မေ့နေတာ ညကျ ကိုကို့အိမ်ကိုလာခဲ့ပါတဲ့ daddy နဲ့ mommyက ငယ့်ကိုပြောခိုင်းလိုက်လို့"

Jen- "ဘာလုပ်ဖို့တဲ့လဲ..."

Li- "ဒါတော့ကိုကိုမသိဘူးလေ...သူတို့ချွေးမလောင်းလေးနဲ့ စကားပြောချင်လို့နေမှာပေါ့..ငယ်သွားမယ်မလား..ကိုကိုလည်းအဲအချိန်အိမ်ပြန်ရောက်ပြီ..."

Jen- "အင်းအင်း..ငယ်လာခဲ့မယ်လို့ ပြောလိုက်ပါအုံး mommyတို့ကို..."

Li- "ဟုတ်ပါပြီ ဒါဆိုကိုကိုသွားပြီနော် ငယ်..
မွ😚"

Liလည်း jenပါးလေးကို liနှာခေါင်းလေးနစ်အောင် နမ်းပြီး ထွက်လာခဲ့တယ်

Jen pov- သွားမှာတောင်ကောင်းကောင်းမသွားနိုင်ဘူး လူကိုအသားယူသွားသေးတယ်😒..
သူကတော့ဘာမှမဖြစ်သလိုနမ်းသွားတာ ငါ့မှာတော့ ရင်တွေခုန်နေတာပေါက်ထွက်တော့မယ်...

~~~~~

📱📲📲📲

Li- "hello chae....."

Chae- "အင်းli..ပြောလေ"

Li- "နင်တို့ ဒီနေ့ပြန်လာမှာဆို ပြန်ရောက်ပြီလား..."

Chae- "အေးရောက်ပြီလေ...ဘာလို့လဲ"

Li- "ငါအကူအညီတစ်ခုတောင်းချင်လို့"

Chae- "ထူးထူးဆန်းဆန်းပါလားး ပြောကြည့်လေ
ငါအစွမ်းကုန်ကူညီမယ်"

Li- "ငါဒီနေ့ jenကို လက်ထပ်ခွင့်တောင်းမလို့..."

Chae- "ဟေ😳...တယ်ဟုတ်ပါလားဟ..‌နင့်မိဘ‌တွေသိပြီလား ငါကဘာလုပ်ပေးရမှာလဲ"

Starting As A Best FriendWhere stories live. Discover now