Unicode
သင်တန်းသွားဖို့နောက်ကျနေသောကြောင့်မြန်ဆန်စွာပြင်ဆင်နေတဲ့ကောင်မလေးတစ်ယောက်
"သမီးနင်ကလည်းအမြဲနှေးနေတာချည်းဘဲ Sana လေးကိုအားနာ ပါအုံးသူ့ခမျာထိုင်စောင့်နေရတာ"
"မေကြီးကလည်းမနေ့ကအိပ်ရာဝင်နောက်ကျသွားလို့ပါ"
"ရပါတယ်အန်တီရေ တော်ကြာဟိုမေ့ကျန်ဒီမေ့ကျန်ဖြစ်နေအုံးမယ် သူ့အကြောင်းကသိတဲ့အတိုင်းဘဲ"
Sana တစ်ယောက်သဘောကျစွာပြုံးရင်ပြောလိုက်လေသည်Tzuyu ဆိုတဲ့သူမလေးကတကယ့်ဘာမှမသိတဲ့အူကြောင်ကျားလေးပါ အလုပ်လုပ်တဲ့နေရာမှာလည်းနှေးသလားမေးနေစရာတောင်မလို အခုလည်းကြည့်ပါလားသင်တန်းနောက်ကျပါတော့မည်။
"ကဲပြီးပါပြီ သွားကြရအောင်"
Sana လည်းTzuyu အမေကိုဦးညွှတ်နှုတ်ဆက်ပြီးသူမနဲ့အတူ ထွက်လာခဲ့တော့သည်
>>>>>>>>>>>>>>>>>>>>>>>
"Tzuyu နင်ဒီအကျင့်ကိုဖျောက်မှဖြစ်မယ်နော်"
"အေးပါဟာငါလည်းကြိုးစားနေပါတယ် မနေ့ကလည်းအိပ်ယာဝင် တာနောက်ကျသွားလို့ပါ"
"အေးညဖက်တွေလည်းစောစောအိပ်အုံးကျေးဇူးရှင်ရေ ညညဆို ဘာလုပ်နေမှန်းမသိဘူး"
ပြောတော့လည်းမျက်နှာကစူပုပ်ပုပ်လေးနဲ့ဖြစ်နေပြန်ပြီ
Tzuyu နဲ့သူမကငယ်ငယ်လေးကတည်းကခင်ခဲ့ခြင်းဖြစ်သည်။ ကြီးလာတော့သူမကဘဲသူငယ်ချင်းအစ်မရာဖြစ်နေပါသည်။ဘာကြောင့်ကျွန်မဒီလိုပြောလဲဆိုတော့နောက်ကျသိလာပါလိမ့်မယ်အခုကနွေရာသီကျောင်းပိတ်ရက်ဆိုတော့သင်တန်းလေးတစ်ခု သူမ နဲ့အတူတက်မလို့ဖြစ်ပြီးအခုတော့ ပထမဆုံးနေ့မှာတင်နောက်ကျလေပြီ"စူပုပ်မနေနဲ့ရုပ်ဆိုးလိုက်တာ နောက်နေ့တွေငါနဲ့မဟုတ်ဘဲ
တစ်ယောက်တည်းလာနိုင်အောင်လုပ်ရမယ်"သူမဒီလိုပြောလိုက်တော့စုပုပ်ပုပ်မျက်နှာလေးနဲ့သူမဘက်စိုက်ကြည့်လာလေပြီ
"နင်ငါနဲ့သွားလာရတာပင်ပန်းတယ်ဆိုလည်းပြောပါဟာ
ငါတစ်ယောက်တည်းဘယ်မှမသွားဖူးတာသိရဲ့သားနဲ့"
YOU ARE READING
Thank You For Everything
Fanfictionနင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... နင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... #SaTzu