Thank You For Everything (EP-2)

100 13 2
                                    

Unicode


Sana PVO

ဒီ‌နေ့ကသူမကိုတစ်‌ယောက်တည်းလာခိုင်းထားတာဆို‌တော့စိတ် ‌တွေပူပြီးထိုင်မရထမရဖြစ်‌နေ‌လေပြီ လာသာလာခိုင်းလိုက်ရတာ စိတ်က‌တော့လုံးဝမချ‌ပေ မဖြစ်‌သေးပါဘူးဖုန်းဆက်မှပါ ထို‌ကောင် မ‌လေးက‌ကြောင်‌တောင်‌တောင်နဲ့ဘာမှသိတာမဟုတ်‌ပေ

Tzuyu PVO

Sana ‌ပြောတဲ့Bus ကား‌ပေါ်တက်‌တော့လူသိပ်မများ‌တာနဲ့လွှတ် တဲ့‌နေရာဝင်ထိုင်လိုက်‌လေသည်။ တစ်ခါမှတစ်‌ယောက်တည်းမသွားဖူး‌တော့ ‌ကြောက်မိတာ‌တော့အမှန်ပင်ဖြစ်သည်။ သက်ပြင်း တစ်ချက်ချပြီး Sana ကိုသာစိတ်ထဲ‌ရောက်‌နေမိသည်။ သူဖုန်း ဆက်လိုက်ချင်‌ပေမဲ့သူမကအ‌ရေးမကြီးရင်ငါ့ဆီမဆက်နဲ့ဟု‌ပြောထားတာ‌ကြောင့်သာမဆက်မိ‌အောင်တင်းခံ‌နေရ‌လေသည်။ ထိုအချိန် ‌ဝင်လာသောဖုန်းသံ‌ကြောင့်ဖုန်းကိုတစ်ချက်ကြည့်မိ‌တော့ screen ‌ပေါ်မှာ‌ပေါ်‌နေတဲ့တစ်ဦးတည်း‌သောသူနာမည်‌လေး‌ကြောင့်သူမမျက်နှာ‌ပေါ်အပြုံးလေးဝေဆာလာရသည်။

"Tzuyu နင်အပြင်ရောက်နေပြီလား Bus ကားပေါ်မှာလား ငါပြောတဲ့ကားဟုတ်ပါတယ်နော် Bus ကားမှားရင်ဒုက္ခရောက်မှာ"

သူမမှာဖုန်းကိုင်ပြီးဘာမှတောင်မပြောရသေးတစ်ဖက်ကစိတ်ပူစွာ ဆက်တိုက်ကိုပြောနေသောSana ကြောင့်ကြောက်နေတဲ့စိတ်တွေ တောင်ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီးထရီမိတော့သည်။

"ဟာ Tzuyu ဘာရီတာလဲ ငါမေးတာဖြေစမ်းပါ"

"အေး ငါBus ကားပေါ်မှာ နင်ပြောတဲ့ကားဘဲနံပါတ်.....နင်ဟာ လေငါ့ကိုတစ်ယောက်တည်းလာခိုင်းတာလည်းနင်ဘဲ စိတ်အပူလွန်နေတာလည်းနင်ဘဲ"

သူမလည်းသဘောကျစွာရီရင်ပြောလိုက်မိသည်

"ငါကနင့်အတွက်တွေးပြီးသာတစ်ယောက်တည်းလာတတ်အောင် လာခိုင်းတာ ငါကတော့ဒီမှာအဆင်မပြေတော့ဘူးစိတ်ပူလို့သေတော့မယ် ရောက်ခါနီးရင်ဖုန်းထပ်ဆက်အုံးဒါဘဲ"

သူမပြောချင်ရာပြောပြီးဖုန်းချသွားလေပြီ။ Sana သူ့ကိုစိတ်တွေပူ ဂရုစိုက်ပေးတဲ့အချိန်တွေကိုသူမတကယ်သဘောကျမိပါသည်။ သူမမှာမွေးချင်းမောင်နှမ မရှိတော့Sana အပေါ်အစ်မတစ်ယောက်လိုကော သူငယ်ချင်းတစ်ယောက်လိုပါခင်မင်မိသလောက် Sana ကလည်းညီမလေးတစ်ယောက်လိုစောင့်ရှောက်ပေးတော့သဘောကျမိတာဖြစ်ပါလိမ့်မည်ဟုဘဲသူမယူဆမိပါသည်။ 

Thank You For EverythingWhere stories live. Discover now