Unicode
အိမ်တွင်းရှိဆိုဖာပေါ်ထိုင်ကာTV ကြည့်နေကြသောသူငယ်ချင်းသုံး ယောက်....တစ်ယောက်ကတော့TV ကိုစိတ်ဝင်စားခြင်းမရှိဘဲကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးပြီးမျက်နှာကချိုချဉ်သကြားလုံးလိုဖြစ်နေ လေရဲ့ ဒါကိုတစ်ယောက်ကသတိထားမိတော့
"ဟဲ့ကောင်Momo မင်းဘာဖြစ်နေတာလဲမျက်နှာကပြုံးဖြီးဖြီးနဲ့"
"အဲလောက်တောင်သိသာသွားတာလားငါ့မျက်နှာက"
"အေးလေဒီလောက်ပြုံးဖြီးနေတာကို ဘာဖြစ်နေတာလဲ"
"ဒီလို ငါမနေ့ကနတ်သမီးလေးတစ်ယောက်နဲ့တွေ့လာလို့"
Momo ကထိုပြုံးဖြီးဖြီးမျက်နှာနဲ့ဘဲဖြေလိုက်လေသည်
"အမယ် အထူးအဆန်းပါလား မိန်းကလေးတွေကိုစိတ်ဝင်တစားမရှိ တဲ့ကောင်ကများ ငါတို့ကမင်းကိုgay နေလားတောင်မှတ်နေတာ"
Chaeyoung ပြောတဲ့စကားကြောင့်အကုန်ထရီမိကြလေသည်။ သူပြောလည်းပြောချင်စရာပါ Momo ဆိုတဲ့ထိုကောင်လေးကချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုတော့မိန်းကလေးတွေကသူ့ဆိုလိုချင်ကြတာချည်း ရုပ်ရည်ကလည်းပြောစရာမရှိတော့ မိန်းကလေးတွေကြားမှာနာမည်ကြီးတယ်ဆိုလည်းမမှားပေ ဒါမဲ့လာကပ်တဲ့ကောင်မလေးတိုင်းကိုသူကလုံးဝကိုအကပ်မခံပေ ဘယ်လောက်ဘဲလှတဲ့မိန်းကလေးဖြစ်ပါစေပေါ့ အချစ်မပါတဲ့ relationship တစ်ခုကိုသူမလိုလားပေ လာကပ်တဲ့မိန်းကလေးတွေကလည်းသူ့ကိုတကယ်ချစ်လို့လာကပ်တာမှမဟုတ်ဘဲ သူ့ရုပ်ရည်နဲ့ပိုင်ဆိုင်မှုကြောင့် သာဖြစ်သည်ကိုသူကောင်းကောင်းကြီးသိလေသည်။
"မသိပါဘူးကွာဒီကောင်မလေးကျမှဘာဖြစ်သွားတာလဲမသိဘူး သူနဲ့အကြည့်ချင်းဆုံမိတော့ရင်တွေခုန်လာတာပေါက်ထွက်သွားတော့မလိုဘဲ"
"ဒီကောင်အတည်တွေဖြစ်နေတာဘဲ အဲတော့သူ့နာမည်လေးဘာလေးသိခဲ့လား ဖုန်းနံပါတ်တွေဘာတွေရော?"
သူ့သူငယ်ချင်းDahyun ပြောမှMomo တစ်ယောက်သတိရတော့သည် ထိုကောင်မလေးနဲ့ပတ်သတ်ပြီးသူဘာသဲလွန်စမှမရခဲ့ဘူးမဟုတ်ပါလား
"ငါဘာမှမမေးလိုက်မိဘူး သူ့ကိုမြင်တော့ငါ့ခေါင်းထဲအကုန်ဗလာဖြစ်ကုန်တာ ဒါမဲ့ငါသူ့ကိုတစ်နေရာရာမှာသေချာမြင်ဖူးတယ် မမှတ် မိဘူးဖြစ်နေတာ အဲတာပြန်သတိရရင်သူနဲ့ပတ်သတ်ပြီးတစ်ခုခုသိ ရမယ်ထင်တာဘဲ"

YOU ARE READING
Thank You For Everything
Fanfictionနင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... နင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... #SaTzu