Unicode
ဒီနေ့တော့Tzuyu မွေးနေ့ဖြစ်တာကြောင့်Sana တစ်ယောက်သူမနဲ့အတူလျှောက်လည်ဖြစ်သည်။ အခုတော့ရုပ်ရှင်ကြည့်ကြမှာဆိုတော့မနက်စာအရင်ဝင်စားဖြစ်ကြသည်။ ထုံးစံအတိုင်းTzuyu ကနှေးတဲ့သူဖြစ်တာကြောင့်Sana မှာသူမကိုအမြန် စားဖို့ပြောရတာလည်းအလုပ်တစ်ခုပင်ဖြစ်သည်။
"Tzuyu ရေမြန်မြန်စားနော်နောက်ကျရင်ရုပ်ရှင်ကဘာမှန်းမသိဖြစ်သွားမယ်"
"အေးပါဟ နင်ကလည်းငါလည်းအမြန်စားနေတာပါပဲ"
>>>>>>>>>>>>>>>>>>>
သူတို့နှစ်ယောက်ရုပ်ရှင်ရုံထဲရောက်တော့ဇာတ်ကားကစတောင်နေလေပြီ။
"ထုံးစံအတိုင်းအစမမီတော့ပြန်ဘူးပဲ"
Sana တစ်ယောက်Tzuyu ကိုမျက်စောင်းလေးထိုးပြီးပြောလိုက်လေသည်။
"ဟာနင်ကလည်းငါလည်းအမြန်လုပ်တာပဲဟာကို"
"အေးပါ နင့်ကို training ပိုဆင်းပေးမှဖြစ်မယ် ဒီအတိုင်းဆိုအဆင်မပြေဘူး Tzuyu shi"
သူ့ကိုဆူလို့နှုတ်ခမ်းလေးဆူပြီးစိတ်ကောက်နေသောမယ်တော်မလေးကိုပြန်ချော့ရတာလည်းအလုပ်တစ်ခုပင်ဖြစ်သည်။ ဒါပေမဲ့ ဒီနေ့တော့မချော့ပဲထားထားအုံးမည် ဘာလို့လဲဆိုထိုမယ်တော်မလေးကချစ်ဖို့အရမ်းကောင်းနေတာကို တဝကြီးငေးပြီးမှချော့ပါမည်။သူမရဲ့မျက်နှာလေးကိုငေးမိနေတုန်း မနေ့ကဖြစ်ရပ်များခေါင်းထဲဠ် အစီအရီပေါ်လာလေသည်။
"Sana သမီး အထက်တန်းကျောင်းပြီးရင် နိုင်ငံခြားပညာသင်သွားရမယ် အဖေတို့လည်းအသက်ကြီးလာပြီ အဖေ့လုပ်ငန်းတွေကိုဆက်ခံဖို့သမီးကိုပဲအားကိုးရတော့မှာ"
ထိုစကားကြောင့်သူမအတော်လေးစိတ်ညစ်သွားရသည်။ ခေါင်းထဲပထမဆုံးပေါ်လာတာကTzuyu ရဲ့မျက်နှာလေး။ တစ်ဖက်မှာလည်းမိသားစုအတွက် တစ်ဖက်မှာလည်းသူမြတ်နိုးရတဲ့ကောင်မလေး သူမအတော်လေးစဉ်းစားရကျပ်နေလေပြီ။ ငြင်းလို့မရမှာကိုလည်းသူမသိနေပြန်သည်။ အဲအတွက်ကြောင့်သူမဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။ သူမ Tzuyu ကိုပါခေါ်သွားပါမည်။ Tzuyu တစ်ခါပြောဖူးသည် သူမရဲ့အိမ်မက်က နာမည်ရှိတဲ့ YT Dancer တစ်ယောက်ဖြစ်ဖို့ ဒါမှမဟုတ် လူသိများနာမည်ကြီးတဲ့တဲ့ပန်းချီပညာရှင်တစ်ယောက်ဖြစ်ဖို့ပင်။ ဟိုမှာဆိုသူမအတွက်ပိုအထောက်အကူဖြစ်မယ်လို့ထင်မိပါသည်။ ဒီကြားထဲတော့သူမလေးကိုမပြောပဲထားထားပါအုံးမည်။ အမှန်အတိုင်းပြောရရင်သူမရဲ့အဖြေကိုနားထောင်ရမှာကြောက်မိသောကြောင့်ဖြစ်သည်။
YOU ARE READING
Thank You For Everything
Fanficနင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... နင်ဖြစ်စေချင်တဲ့အတိုင်းငါအကုန်ပြောင်းလဲပြီးမှနင်ဘာလို့ငါ့ဆီကထွက်သွားရတာလဲ ကျေးဇူးပြုပြီးပြန်လာခဲ့ပေးပါဟာ.... #SaTzu