part 9(Uni)

398 47 0
                                    

part 9

Unicode

"OK Jongdaeငါလာနေပြီ ငါးမိနစ်လောက်ဆို ရောက်ပြီ"
"--------"
"အေးပါကွာ မင်းကလဲ"
"-------"
"Ok"
Chanyeol တစ်ယောက် ကုမ္မဏ္ဏီနောက်ကျမည်စိုးတာကြောင့် jongdae လှမ်းသတိပေးခြင်းဖြစ်သည်။
korea ရောက်တည်းက ၃ရက်လောက် အိမ်တွင်းအောင်းနေဖြစ်သည်။ ဒီနေ့အရေးကြီး မိတ်ဆက်ပွဲ ရှိတာကြောင့်သူ အလုပ်ဆီကို အရောက်လာခဲ့ခြင်း

ရောက်တာနဲ့ JongDae က နောက်ကျပြီဖြစ်ကြောင်း လာပြောသဖြင့် မြန်မြန်လိုက်ခဲ့ရသည်။ အတွင်းရေးမှူးဆိုတာထက် သူအတွက် ညီအစ်ကိုလို ရင်းနှီးပြီး ကမ္ဘာမှာတစ်ဦးတည်းသော သူယုံကြည်ရတဲ့သူ။ အတိတ်ကာလတွေဆီတုန်းကလဲ သူယုံကြည်ရသူ တစ်ယောက်ရှိခဲ့ဖူးသည်။ ဘယ်သူထင်မှာလဲ သူသစ္စာဖောက်ခံရမယ်လို့ပေါ့။

" မြန်မြန်လာ Chanyeol  CEO ကို မိတ်ဆက်ပေးမယ့်ပွဲမှာ CEO က နောက်ကျစရာလားကွာ မင်း..."

" အေးပါကွာ မင်းကလဲ ဘယ်ချိန်မိတ်ဆက်ဆက်ရတာပဲကို "

ဓာတ်လှေကားက တစ်ဆင့် တက်လာပြီး Chanyeol တို့ အခန်းတစ်ခုဆီဝင်လာခဲ့သည်။

မျက်စိထောင့်စွန်းလေးကနေ လှစ်ခနဲတွေ့လိုက်ရတဲ့ ဖြူလွလွအရိပ်လေးတစ်ခု
သူခြေလှမ်းတွေ ရပ်တန့်သွားသည်
သေချာတယ် သူလုံးဝမမှားပါ သူ့ပုံရိပ်တွေ လမ်းလျောက်ဟန်တွေကို ဘယ်တုန်းကမှအလွတ်မကျက်ခဲ့ရပါပဲ တစ်သက်မမေ့နိုင်တာဟာလဲ ဝဋ်ကြွေးပေလား

ငဒယ်က ဘာဖြစ်လို့လဲ ဟူသော ပုံစံဖြစ် လှည့်ကြည့်လာကာမှ သူမျက်နှာလွှဲကာ ဆက်လျောက်လာခဲ့သည်။

အစည်းအဝေးအခန်းထဲ သူရောက်တော့ လူပင်စုံနေပြီဖြစ်တာကြောင့် သူတို့ဝင်လာတာနဲ့ အစည်းအဝေးစကာ CEO ဖြစ်ကြောင်းတရားဝင်ကြေငြာလိုက်သည်။ အားလုံးလဲ ထောက်ခံလေးစားကြသဖြင့် အဆက်ပြေပြေပင်

အဆက်မပြေနိုင်တာက သူ့ခေါင်းထဲ တဝဲလည်လည်ရောက်လာသော အဖြူ ရောင်အရိပ်ကလေး
သူဘာကြောင့်  ဒီထဲရောက်နေရသလဲ
ထိုမေးခွန်းမှာ သူအဖြေတွေပျောက်တယ်
သူသိပ်မုန်းတဲ့လူသားနဲ့ သူနဲ့ တစ်မိုးအောက်ထဲမှာ အလုပ်လုပ်ရတာမျိုးတော့ လုံးဝအဖြစ်မခံနိုင်ပါ
သူအရင်က Park Chanyeol မဟုတ်တော့ LEOY ဆိုသောနာမည်နဲ့ ခက်ထန်မှုအပေါင်း သရဖူဆောင်းထားသူဖြစ်သည်။
အရင်လို သူ့မျက်နှာမှာ ကမ္ဘာတည်နေသော ရာသီဥတုလေး မဟုတ်တော့
ကိုယ့်ကောင်းကင်မှာ ကိုယ် ငွေ့ရည်ဖွဲ့မယ့် သီးသန့်တိမ်ဆိုင် ဖြစ်နေပြီမဟုတ်လား

- Who He Is? (Completed)Where stories live. Discover now