24
"Yeol ဒါလေး ဘယ်လိုလဲ.."
"Yeol ရား ဒါလေးရော ..."
"Yeol..
Yeol...
Yeol...."
ကျွန်တော့အခန်းကို ဝိုင်းပြင်ပေးဖို့ တက်ကြွနေတဲ့ ချာတိတ်လေးပါပဲ...
အခန်းကို ပြင်မယ်ဆိုပြီး ဈေးလာခဲ့တာ သူ့အသံကြီးပါပဲ...
နံရံကပ် စက္ကူ ဆိုင်တွင် ဖြစ်သည်။ မှောင်နေတယ်ဟု ဆိုကာ အရောင်ပြောင်းကပ်ချင်တယ်ဆိုပြီး ပန်းရောင် ထိုးပြလိုက် အဝါရောင်ထိုးပြလိုက်နဲ့ ...
နောက်ဆုံးတော့လဲ အဖြူ လေးပဲလှတယ်ဆို့ပီး သူ့ဟာသူဆုံးဖြတ်ပြီး အဖြူ ပဲ ယူမယ်ဟုဆိုကာ ဝယ်နေတော့သည်။ဒီကောင်လေးဟာ ဈေးကို ငါးပတ်လောက်ပတ်နေပေမယ့် ဈေးဝယ်တာလား Yeol ဆိုတဲ့ ကျွန်တော့်ကို ဝယ်တာလား မသဲကွဲလောက်အောင် တကျော်ကျော်ခေါ်ကာ ပတ်နေခဲ့လေသည်။
မမောနိုင်မပန်းနိုင်အောင် စကားများနိုင်လွန်းတာလဲ ကိုယ်တွေ့မို့ တအံ့တသြ ယုံရပါသေးတယ်...."Yeollie ...ဒီနေ့ ကျွန်တော် ညနေစာ ချက်ကျွေးရမလား..."
"ဟင်...ချက်တတ်လို့လား hyunee က..."
"အင်း.... အမေချက်တာ ကူဖူးတယ်...
နဲနဲကြိုးစားလိုက်ရင် ရပါတယ်...""ဒါဆိုလဲ hyunee သဘောလေ.."
"Let go....ဟင်းသွားဝယ်မယ်..."
"Yeol ဒီဟာကြိုက်လား...
Yeol ဒီဟာ ကောင်းမယ်ထင်တယ်...
Yeol ဟိုဟာ ရော စားမလား...
Yeol...
Yeol...."
ချာတိတ်ဟာ အဲ့လိုပါပဲ။ တကျော်ကျော်ခေါ်ကာ မေးနေပေမယ့်လဲ ဘယ်သောအခါမှ အဖြေစောင့်တယ်ရယ်လဲမရှိပါဘူး...
တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေကာ ဈေးကိုပတ်နေတာ ဒါနဲ့ဆို ၆ ခေါက်မြောက်ပါပြီ။
ကျွန်တော့်လက်ထဲက အထုပ်တွေမှာတော့
နံရံကပ်စက္ကူတွေ..
ကော်ဖီခွက်လေးတွေ...
ပန်းကန်လေးတွေ...
အိမ်ထဲစီး ဖိနပ်လေးတွေ...
လိုက်ကာစလေးတွေ...
ဆေးလိပ်ပြာခွက်က အစ...
အိမ်သာသုံး စက္ကူအထိ ....
အကုန် သူဝယ်နေတာပါပဲ....
မကြာမီ တစ်ပတ်လောက်အတွင်း ၂၂ ပြည့်တော့မယ့် ကျွန်တော်ဟာ ဒီအိမ်လေးမှာ အမြဲနေတော့မှာမို့ ပြင်ချင်တာမှန်ပေမယ့် ဒီလောက် ပြင်ရလိမ့်မယ်လို့ မထင်မိရိုး အမှန်ပါ...
နီရွန်မီးနီမှိန်မှိန်လေးကိုတော့ ချာတိတ်ဟာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ရှာချင်တဲ့အခါ တွေ့နိုင်အောင်ဆိုပြီး မလဲပေးခဲ့ပါဘူး...
YOU ARE READING
- Who He Is? (Completed)
FanfictionBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...