part 14
Bus ရပ်နားဂိတ်လေးကနေ ကျောင်းထိ လမ်းလျှောက်လာခဲ့ပြီး ကျောင်းရှေ့ရောက်တော့
" ညနေ လာကြိုမယ် ကိုယ့်ကိုစောင့်နော်"
"ဟို .... တစ်ခုလောက်မေးလို့ရမလား..."
"အော မေးလေ ဘာမေးမလို့လဲ"
" ကျွန်တော့်ကို ဘာလို့ အပို့အကြို လုပ်နေတာလဲဟင် .... ဟို.....မကြိုက်လို့မဟုတ်ဘူးနော် ကျွန်တော်က ဒီတိုင်း သိချင်လို့"
"အင်းးး...ဒီတိုင်း ..
ဒီတိုင်း လိုက်ပို့ပေးချင်လို့ ..."" ဗျာ...."
" အဟင်း... မင်းက ချစ်စရာကောင်းတယ်"
" ဗျာ ....."
" မဟုတ်ဘူး ချစ်စရာကောင်းတယ်ဆိုတာ မိန်းကလေးနဲ့တူတာလို့ ပြောတာမဟုတ်ဘူး ..
ဒီတိုင်း မင်းက မင်းပုံစံလေးအတိုင်း ချစ်စရာကောင်းနေတာကို ပြောတာ"ပြာပြာသလဲ ပြန်ရှင်းပြလာတဲ့ ထိုလူကြီးက ချစ်စရာကောင်းလွန်းပါတယ် 😁
ကျောင်းဆင်းချိန်ရောက်တော့ အမှန်ပင် ကျောင်းရှေ့မှာ ကားတစ်စီးနဲ့ ရောက်နေပါတယ် ။ အဲ့ဒီတော့ ဒီက Byun Baby တို့က ဘဝင်လေဟပ်တော့တာပေါ့ ။ အတူတူထွက်လာတဲ့ D.O တို့ Sehun တို့ကတော့ အံ့သြတဲ့ မျက်ဝန်းတွေနဲ့ "ဘာတွေလဲ" တဲ့လေ
ကျွန်တော်လဲ အပြုံးတစ်ပွင့်နဲ့ "ဒီလိုပဲ" ဟု ခပ်မြူးမြူးပြောကာ Chanyeol ဆီပြေးလာခဲ့လိုက်တယ်။" Chanyeol shi..."
"သြ... BaekHyunna ...."
"Nae....စောင့်နေတာကြာပြီလား Chanyeol shi.."
"မကြာသေးပါဘူး လာတက်လေ "
" Nae.. Gomawor ..."
သူဖွင့်ပေးတဲ့ ကားတံခါးကနေ lover seat မှာ ဝင်ထိုင်ခဲ့လိုက်တယ်။ စဉ်းစားကြည့်တော့မှ suger daddy နဲ့ baby လိုများ ဖြစ်နေမလားဟူ၍ မျက်နှာတွေပင် ပူလာကာ တစ်ကိုယ်တည်း ဆောင်းတွင်းကြီး ပူနေသလိုပင် ချွေးတွေပါ ထွက်လာလေသည်။
" Baekhyunna နေမကောင်းလို့လား မျက်နှာတွေနီပြီး ချွေးတွေ ပြန်နေသလိုပဲ.."
" အာ အာညီး...အာညီးရော်...."
ကမန်းကတမ်း နဖူးတွေ ပါးတွေ လက်နဲ့ ပွတ်ကာ သုတ်မိသည်အထိ ။ ရင်ထဲမှာလဲ တစ်မျိုးကြီးဖြစ်ကာ နေရထိုင်ရတွေခက်နေသဖြင့်
အာရုံလွဲစေရန် ကျောင်းကအဖြစ်တွေကို ပြောပြနေလိုက်လေသည်။
YOU ARE READING
- Who He Is? (Completed)
Fiksi PenggemarBaekhyun သိပ်လှတဲ့ လောကကြီးဟာ ကျွန်တော်မရှိလဲ လှတဲ့ အကြောင်းတွေ ကျွန်တော်မပြောလဲ သိစေချင်တယ် မတွေးချင်ပေမယ့် မပေးချင်ပေမယ့် ကျွန်တော်မရှိတော့တဲ့ တစ်နေ့မှာ သူ့ရင်ကို နွေးထွေးစေမယ့် တစ်စုံတစ်ယောက်ရှိလာရင်တောင် ကျွန်တော် သူ့ကို နွေးထွေးနေစေချင်တယ် ကျွ...