𝚙𝚊𝚛𝚝 (7) ;𝚉/𝚄

4.3K 455 5
                                    

( Unicode )

ထို့နေ့က December 20....

ကျွန်တော် dutyပြီးတော့ အိမ်မပြန်ခင်
milk teaတစ်ခွက်ဝင်ဝယ်လိုက်သည်။

"ဝမ်ရိပေါ် "

"ဟန်ဟန်...ဘယ်ကိုလာတာလည်းညနေတောင်စောင်းနေပြီ"

"ငါ ကျီဟောက်နဲ့ချိန်းထားလို့..
အခုပြန်တော့မှာလား"

"အင်းလေ မားကိုပြောခဲ့လား အပြင်ထွက်မှာကို"

"မင့်ကိုလာကြိုတာလို့ပြောပြီးထွက်ခဲ့တာ"

"အင်းးအဲ့တာဆိုလည်း ငါဒီmilk teaဆိုင်မှာမင့်ကိုစောင့်နေမယ် မြန်မြန်တော့ပြန်လာခဲ့ တော်ကြာအိမ်ပြန်လို့မင်းမပါရင် မားမင့်ကိုစိတ်တိုနေအုံးမယ်"

"အင်း ခဏပဲပြောပြီးပြန်လာခဲ့မယ်"

ခဏတာအချိန်လေး ဟန်ဟန်သွားပြီး၁၅မိနစ်လောက်အချိန်လေးမှာ ကျွန်တော့်ဘဝအတွက် ကံကြမ္မာကြီးစတင်ပြောင်းလဲသွားတာခုထိပင်။

၁၅မိနစ်အတွင်းမှာပဲ ဆိုင်ပြင်ကိုကြည့်လိုက်တော့ ခေါင်းငိုက်ကျပြီးလျှောက်လာတာကို တွေ့လိုက်တယ် ။ ငွေရှင်းပြီးဆိုင်ပြင်ထွက်ရုံရှိသေး ' ဒုန်း!!' ဆိုတဲ့အသံကြီးနဲ့ အတူရှေ့ကမြင်ကွင်းကြောင့် လက်ထဲကမားအတွက် ဝယ်ခဲ့တဲ့milk teaလေးဟာ မြေပြင်ပေါ်သို့ဦးတည်သွားသည်...။

သွေးအိုင်ထဲလဲကျသွားတဲ့ ဟန်ဟန်ကိုကြည့်ပြီး မြန်မြန်သူ့ဆီပြေးသွားမိသည် ။

ဘေးနားရောက်တော့ မျော့တော့တော့ဖြစ်နေတဲ့ ဟန်ဟန်နှုတ်က ထွက်ကျလာတဲ့ မပီမသစကားသံတစ်ချို့က....

"ငါ နင့်ကို အရမ်း မုန်း တယ် ဝမ်ရိပေါ် " တဲ့....

𝙸'𝚖 𝚂𝚘𝚛𝚛𝚢 𝙵𝚘𝚛 𝚃𝚑𝚎 𝙿𝚊𝚒𝚗 𝙸 𝙲𝚊𝚞𝚜𝚎𝚍 𝚈𝚘𝚞 , 𝐇𝐚𝐧 𝐇𝐚𝐧...

𝒀𝒐𝒖𝒓 𝑩𝒓𝒐𝒕𝒉𝒆𝒓...𝑾𝒂𝒏𝒈 𝒀𝒊𝒃𝒐

"ဒေါက်....ဒေါက်..."

အတွေးတွေဟာ တံခါးခေါက်သံကြောင့်
ပစ္စုပ္ပန်ကို ပြန်လည်လို့ကူးခတ်ခဲ့တယ် ။

"ဝင်ခဲ့ပါ"

ဝင်လာသူက nurseမလေးရွှမ်ကျူး...

𝚂𝙴𝙲𝚁𝙴𝚃  𝙻𝙾𝚅𝙴  [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞 ]Where stories live. Discover now