𝚙𝚊𝚛𝚝 (9) ;𝚉/𝚄

4.3K 358 2
                                    

( Unicode )



"Dr.Wangပြင်သစ်ကိုလိုက်သွားမှာလား"??

ရေချိုးခန်းထဲကနေ ထွက်လာတဲ့သူ့ကို
ကုတင်ပေါ်မှာခြေချိတ်ထိုင်ကာ မေးခဲ့တဲ့ရှောင်းကျန့်..

ဟုတ်သား...မနက်ဖြန်ဆို ညီမလေးခြေထောက်ကုသဖို့ ပြင်သစ်ကိုသွားမှာပဲ။

သူလား...လိုက်သွားချင်တာပေါ့..။
ရှိတာမှညီမလေးတစ်ယောက်ထဲကို...သို့ပေမဲ့
သူတို့ကိုယ့်ကိုမလိုအပ်လောက်ဘူး။
လိုက်သွားလည်း ရှုပ်တယ်ဆိုပြီးတောင် အပြစ်တင်ရင်တင်ကြမှာ။

အားလုံးအဆင်ပြေအောင် ဒီကနေပြီးမှပဲ
သတင်းကောင်းစောင့်တော့မယ်။

𝙸 𝚆𝚒𝚕𝚕 𝚂𝚊𝚌𝚛𝚒𝚏𝚒𝚌𝚎 𝚃𝚘 𝙼𝚊𝚔𝚎 𝙴𝚟𝚎𝚛𝚢𝚝𝚑𝚒𝚗𝚐 𝙱𝚎𝚝𝚝𝚎𝚛...

𝑫𝒓.𝑾𝒂𝒏𝒈

"ဟင့်အင်း...မလိုက်တော့ပါဘူး"

ဝမ်ရိပေါ် ပြောပြီး ရှောင်းကျန့်ကိုကျောပေးကာ
အဝတ်ရွေးနေလိုက်သည်။

"ဒုန်းးးး!!!!"

"အ့....ဘာ...ဘာလုပ်မလို့လဲ ရှောင်းကျန့်"???

အဝတ်ရွေးနေတုံး တံခါးကိုစောင့်ပိတ်ကာ
ဗီရိုမှာသူ့ကိုဆွဲကပ်လိုက်တာကြောင့် လန့်သွားတာတော့အမှန်ပင် ။ လက်နှစ်ဖက်ကလည်း ခေါင်းထက်မှာ ရှောင်းကျန့်ရဲ့ညာလက်နဲ့ ထိန်းချုပ်တာခံထားရသည်။

အပေါ်ပိုင်း အဝတ်ကမရှိတာကြောင့် ရှက်နေမိသည်။ယောကျာ်းလေးတစ်ယောက်ဆိုပေမဲ့လဲ ဒီလိုအခြေအနေကိုတော့ တကယ်ရှက်မိပါသည်။

"ဘာ...ဘာလုပ်မလို့လို့..ရှောင်းကျန့် ဟင့်..."

သူမေးတာကိုမဖြေပဲ ရီဝေဝေကြည့်နေတာကြောင့် ထပ်မေးလိုက်ခြင်းပင်။

ရှောင်းကျန့် သူ့ဘယ်လက်နဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာမေးဖျားလေးကို ဆွဲမော့ကာ...

"ကိုယ်နမ်းချင်လို့..."

"အင့်...အု..."

တကယ်ကို နားလည်ရခက်တဲ့ အခြေအနေကြီး
ရှောင်းကျန့်ကသူ့ကို အခုတလော ဘယ်လိုတွေကြောင့်ဆက်ဆံရေး ပြောင်းလဲကုန်ပါလိမ့်???

𝚂𝙴𝙲𝚁𝙴𝚃  𝙻𝙾𝚅𝙴  [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞 ]Where stories live. Discover now