" ဒီနေ့ Luna ထွက်သွားတဲ့နှစ်ပတ်လည်နေ့ပေါ့ "
Luna ကကျွန်တော့်ကိုအရမ်းချစ်တာဗျ.....
ကျွန်တော့်အမှားတွေလုပ်နေရင်ဆရာကြီးအထာနဲ့လဲအမြဲဆုံးမတက်တဲ့ Luna ဗျ .....
ကျွန်တော့်ကိုနားလည်ပေးနိုင်ဆုံးကောင်မလေးဆိုလဲမမှားပါဘူး ကျွန်တော်ဂရုမစိုက်ပဲပြစ်ထားရင်တောင် ပြုံးပြတက်တဲ့ Luna ဗျ ..... (နောက်ကွယ်မှာမျက်ရည်ကျတာတွေတော့ကျွန်တော်မသိခဲ့ရပါလေ)
Luna ကကျွန်တော့်အနားမှာနေရရင်ကိုပျော်နေတက်တဲ့ကောင်မလေးမျိုးဗျ .....
ကျွန်တော်နောက်တစ်ယောက်နဲ့တွဲရင်တောင် အပြုံးမပျက်ပဲ "ကိုကို ပြန်လာမှာ Luna သိတယ်" ဆိုပြီး နားလည်ပေးတယ်ဗျ .....
ကျွန်တော့်ကြောင့် Luna က သူငယ်ချင်းတွေကြားမှာကောလူတွေကြားထဲမှာအပြောခံရတောင်ကျွန်တော့်ကိုကာကွယ်ပြီးပြန်ပြောပေးတဲ့ကောင်မလေးဗျ .....
Luna က အချစ်ကြီးတယ် " ကိုကို ကလွဲရင်ဘယ်သူ့ဆီကမှအချစ်မခံချင်ဘူး ကိုကို က Luna အပိုင် " တဲ့ အဲ့တာ Luna ပြော"နေကျစကားတစ်ခွန်းဗျ .....ကျွန်တော့်2ယောက်ရန်ဖြစ်လို့ကတောက်ကစ ဖြစ်တိုင်းလမ်းခွဲဖူးပါတယ် တစ်ခါရန်ဖြစ်တိုင်းလဲ သူ့ကိုချစ်ရမှာကြောက်လာတယ်ဗျ .....
ကျွန်တော်ထပ်ချစ်ပေးလိုက်လို့ Luna ကျွန်တော့်ကြောင့်နာကျင်မှာစိုးတယ် ကျွန်တော် Luna ကိုမရေရာတဲ့အနာဂတ်အတွက်မျှော်လင့်ချက် တွေမပေးချင်ဘူး .....
Lunaပြောခဲ့သလို ကျွန်တော် သူ့အတွက်သတ္တိမရှိပါခဲ့ဘူး
သူထွက်သွားမှနောင်တတွေရနေမိတာပေါ့ဗျာ .....
ကျွန့်တော့်ကို Luna က ဘယ်တုန်းကစိတ်တောင်မဆိုးဖူးဘူးဗျာ ကျွန်တော်ကစိတ်ဆိုးနေလားလို့မေးရင် Luna ပြန်ဖြေလေ့ရှိတဲ့ အဖြေက "Luna ကိုကို့ ကိုဘယ်တုန်းကစိတ်ဆိုးဖူးလို့လဲ" တဲ့ဗျာ .....Luna ကျွန်တော့်ကြောင့် ထပ်နာကျင်မှာစိုးလို့ ကျွန်တော့်ဘက်က စလမ်းခွဲခဲ့တယ် Lunaကမေးတယ် "ဒီတစ်ခါအတည်လား"တဲ့ ကျွန်တော်ကလဲ "ဟုတ်တယ်"လို့ပဲဖြေခဲ့တယ် ဒီတစ်ခါထူးဆန်းတယ် အရင်ကလမ်းခွဲမယ်ပြောရင် မျက်ရည်တွေနဲ့တောင်းပန်ပြီး ကျွန်တော့်ကိုဆွဲထားတက်တဲ့ Luna က အခုတော့အပြုံးလေးနဲ့ "Bye Bye" ဆိုပြီးနှုတ်ဆက်သွားလေရဲ့ တစ်ခါတစ်လေ Luna အဆင်ပြေရဲ့လား ဆိုပြီးစုံစမ်းကြည့်တယ် Luna အပြင်တွေသွားပြီး Luna တစ်ခါမှ မလုပ်ဖူးတဲ့ သူမလုပ်ချင်ရာတဲ့အရာတွေလုပ်ပြီး ပျော်နေပါတယ် (ဟန်ဆောင်နေမှန်းမသိသာအောင်သူမပျော်ပြခဲ့ပါတယ် ဟန်ဆောင်တက်တဲ့နေရာမှာLunaတော်တယ်ဆိုတာကျွန်တော်နောက်ကျမှသိခဲ့ရတယ်)